Professional Authors

ပိတောက်ခက်နဲ့ တူးပို့သံ!

ပိတောက် ၁ ခက်
ရေ ၁ ခွက်နဲ့
အတာသင်္ကြန် ဒို့နွှဲပျော်ကာ …
ရိုးရာမပျက်
အစဉ်အလာ အဆက်ဆက်က
ဆင်းနွှဲခဲ့ကြ ဒို့များ အတာသင်္ကြန်ပါနော် …..

ဥပုသ်သီတင်း
စောင့်ထိန်း သီလ
အေးချမ်းရိပ်သွင်
တရား ရင်ပြင်တွင်
ထိုထိုငှာငှာ အသွင်အစုံ
အဆင်စုံဖြင့် ကုသိုလ်ပွားယူ ….
တနည်းဖုံဖြင့် …
ဆင်းနွှဲခဲ့ကြ ဒို့များ အတာသင်္ကြန်ပါနော် …..

ခေတ်ရဲ့ဒီဇိုင်း
နီ ဝါ ပြာ ဖောက်
အရောင်အစုံ ..အရွယ်အစုံနဲ့
ခေတ်ရဲ့ သမီးပျိုများ
ဒီဇိုင်းဆန်းပြား ..
ထိုထိုသူငှာ အကုန်သူများလည်း
အလန်းဇယား ..
အခင်းအကျင်းများနဲ့
လူငယ်သင်္ကြန် စတိုင်ထုတ်ပြီး
ဆင်းနွှဲခဲ့ကြ ဒို့များ အတာသင်္ကြန်ပါနော် …..

ခေတ်တွေပြောင်းနှောင်း
အစဉ်အလာမပြတ် နွှဲပျော်ကြလည်း
အစဉ်အလာအစ
ပိတောက် ၁ ခွက် .. ရေခွက် ၁ နဲ့ …..။
(ပိတောက်ပန်းပုံလေးကို ကြည့်ပြီး ရေးမိသွားတာလေးပါ….)

သူငယ်ချင်းများအားလုံး
နှစ်သစ်အကြိုရဲ့ ပုံရိပ်လေး သင်္ကြန်ပွဲတော်နှင့်အတူ
အေးချမ်းကြပါစေလို့ …………

ရေပက်သွားပါတယ် …ဗွမ်း…ဗွမ်း…ဗွမ်း….. (-:P)
(သင်္ကြန်တော့ မရောက်သေးပေမယ့် အလုပ်များမှာမို့ပါ…..အကြိုပေါ့နော်…)
ကဲ…….နှစ်သစ်မှာ အေးချမ်းကြပါစေဗျာ လို့ …………………

(၁၇-၃-၂ဝ၁၂)

In: ကဗျာ Posted By: Date: Mar 17, 2012
Comment #1

သင်္ကြန်မှာ သူငယ်ချင်းများအားလုံးလည်း ပျော်ရွှင်ကြပါစေ…
ရေပြန်ပက်မယ်နော် ..
ဗွမ်း ………….ဗွမ်း……….ဗွမ်းဗွမ်းဗွမ်းဗွမ်းဗွမ်း( :-D<)

commentinfo By: gadounlay at Mar 17, 2012
Comment #2

he,,he,,,lol,,,
kwi,,kwi,,,
phyay phyay pet par naw,,
kyauk loh

commentinfo By: ei lay at Mar 17, 2012
Comment #3

ခေတ်ရဲ့ဒီဇိုင်း
နီ ဝါ ပြာ ဖောက်
အရောင်အစုံ ..အရွယ်အစုံနဲ့
ခေတ်ရဲ့ သမီးပျိုများ
ဒီဇိုင်းဆန်းပြား ..
ထိုထိုသူငှာ အကုန်သူများလည်း
အလန်းဇယား ..
အခင်းအကျင်းများနဲ့
လူငယ်သင်္ကြန် စတိုင်ထုတ်ပြီး
ဆင်းနွှဲခဲ့ကြ ဒို့များ အတာသင်္ကြန်ပါနော် …

commentinfo By: kantkawmg at Mar 17, 2012
Comment #4

…ဗွမ်း…ဗွမ်း…ဗွမ်း….
ကျွန်တော်လည်းဝင်နွဲသွားတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 17, 2012
Comment #5

he,,he,,rofl..
mike de kwar,,
poems hte hmar le thin kyan kya loh ya dar pe naw,,
yae pat loh le ya de,,
hlauk le loh le ya de,,
pyaw sa yar g,

commentinfo By: ei lay at Mar 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment