Professional Authors

ငါ့ သစ္စာ

နင့်ကိုငါ အမြဲ
နာရီ၊ မိနစ်၊ စက္ကန့် မစဲ
သတိရတယ် ပြောရင်… ဒါဟာ မုသား။

နင့်ကိုငါ သတိရတယ်
တခါတလေမှပါ။

 

နင့်ကိုငါ အမြဲ
နာရီ၊ မိနစ်၊ စက္ကန့် မစဲ
လွမ်းတယ် ပြောရင်… ဒါဟာ မုသား။

နင့်ကိုငါ လွမ်းတယ်
တခါတလေမှပါ။

 

နင့်ကိုငါ အမြဲ
နာရီ၊ မိနစ်၊ စက္ကန့် မစဲ
ချစ်တယ် ပြောရင်…
ဒါဟာ အမှန်စကား။

ဒါဟာ ငါ့ရဲ့ သစ္စာ စကား။ ။

 

In: ကဗျာ Posted By: Date: Feb 20, 2012
Comment #1

သြော်….အဲလိုလား..ဗျ
ချစ်သော..သူသိပါစေဗျာ..ကဗျာရေးသူရဲ့သစ္စာကို

commentinfo By: poem.poem28 at Feb 20, 2012
Comment #2

နာရီ မိနစ် စက္ကန့်ကမဆဲတတ်ပါဘူးဗျ လိမ္မာပါတယ် ( just kidding)
ကဗျာရေးသူရဲ့အတွေးအခေါ်မှန်ပါတယ် ဘယ်သူမှလူတစ်ယောက်ကိုအမြဲသတိမရနိုင် ၊ အမြဲမလွမ်းနိုင်ပါဘူး ၊ အမြဲချစ်နေမယ်ဆိုတာတော့ဖြစ်နိုင်ပါတယ်
ကဗျာကောင်းလေးပါ အားပေးတယ် ။

commentinfo By: X - ray at Feb 20, 2012
Comment #3

ha,,ha,,
yae yae le le ko kwyay twar p kwar,,
daw like dar,,,
pyaw tat like tar,,
sin sar tat like tar,,
a yan ko lae sar twar p kwar

commentinfo By: ei lay at Feb 20, 2012
Comment #4

ဘယ်သူ့ကို ဘာမှပြောတာ မဟုတ်ပါဘူး အိလေးရယ်…
ဒီလိုရေးမယ်လဲ မတွေးထားဘူး။ ဟိုတစ ဒီတစ စာလုံးတွေကို ချရေးရင်းနဲ့ ‘နင်သွားချင်တဲ့ဆီ သွားစမ်း’ ဆိုပြီး လွှတ်ပေးလိုက်တာ။
ပြန်ဆွဲရတာ ဦးဏှောက်ညောင်းလို့။ အဆုံးရောက်လို့ ပြန်ဖတ်ကြည့်မှ ကိုယ့်ဟာကိုယ် ‘ဟင်’ ဆိုပြီး ဖြစ်သွားတာ။

commentinfo By: kantkawmg at Feb 22, 2012
Comment #5

he,,he,,
hote lar?
ei lay ka 1 ke hmat loh a htin tway g nay dar,,

commentinfo By: ei lay at Feb 22, 2012
Comment #6

အဓိပ္ပါယ်ပေါက်စေတဲ့ အတွေးအခေါ်ပိုင်းကတော့ သဘာဝကျကျဖြစ်ပေမဲ့ ဒီလို အဓိပ္ပါယ်ထွက်အောင် ရေးမယ်လို့ မရည်ရွယ်မိတာတော့ အမှန်ပဲ။

commentinfo By: kantkawmg at Feb 22, 2012
Comment #7

ha,,ha,,rofl

commentinfo By: ei lay at Feb 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment