Professional Authors

ကွန်မန့်များသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်

ကောင်းတယ် အရမ်းကောင်းတယ် လန်းတယ် အရမ်းလန်းတယ်နော် လေးစားတယ် ကြိုက်တယ် မိုက်တယ် ခိုက်တယ် ခံစားသွားတယ်နော် တစ်မျိုးလေးပဲ နားမလည်ဘူး ဥာဏ်မမီဘူးဗျို့ အားပေးလျှက် ဆက်လက် စောင့်မျှော်လျှက် ခံစားတတ်တယ်နော် ရေးတတ်လိုက်တာ like it mite tal good tal good kg tal so good ထိရှလွန်းတယ်ဗျာ ရေးတယ် ဆက်ရေးတယ် အများကြီး ရေးတယ် ရေးရင်း ရေးရင်း ရေထဲကို ကျ ရေပေါ်မှာ ပေါလောပေါ် ဟိုတစ်ယောက်တော့ ကွန်မန့်တွေ စားလွန်းပြီး အကုန် ကွာကျကုန်ပြီ ဒီတစ်ယောက်တော့ ကွန့်မန့်တွေနောက် တကောက်ကောက် အဲဒီ တစ်ယောက်က ဘာအထာလဲ ရေးတယ် ဆက်ရေးတယ် အသံမမြည်ဘူး စကားလုံးတွေနဲ့ လှိုင်းထ ခေတ်ရဲ့ ထိခိုက် ရှန အချို့ အချို့နဲ့ ချို့တဲ့သွားတဲ့ အနာတရ လောကဓံ မသုံးဘူးဆို သုံးမိနေပြီ ကွန့်မန့်လေးတွေက အားဆေးလေးတွေပါ ဆဲဆိုကြမ်းတမ်းသော ကွန်မန့်များ မပေးရ ကိုယ်ချင်းစာပါ ဆရာကြီးမလုပ်ပါနဲ့ ဒါက ကလောင်သစ်လေးပါ ဘာမှ မသိ သေးပါဘူး ဒါက ကလောင် မသစ်တသစ်ပါ နည်းနည်းပါး ပါး သိနေပါပြီ ဒါက ကလောင်ဟောင်းကြီးပါ အကုန်လုံး သိသလိုလိုနဲ့ အဲဒီကွန်မန့်ကြောင့် တစ်ညလုံး အိပ်မရဘူး အဲဒီ ကွန်မန့်ကြောင့် ဟာ ကွန်ကလည်း စုတ်တယ်ကွာ loading loading loading loading page load error Network error down down တယ် ဒေါင်းတယ် အစားပြတ် အအိပ်ပြတ် အဖေအမေသိရင် ရင်ကျိုးမယ် မသိလည်း မသိသလို ခိုးခိုး ပေါက်တတ်ကရ ဒိုင်အသစ်တွေ လျှောက်ရေး ဆွဲဆောင်မှု တင်းပြည့်ကျပ်ပြည့် အရူးလက်ဖျားခါ ဒိုင်အသစ်တွေ လျှောက်ရေး သူက အင်္ဂလိပ်စာ ကျွမ်းတယ် သူက ပြင်သစ်စာ ကျွမ်းတယ် သူက ကိုရီးယားစာ ကျွမ်းတယ် သူက တရုတ်စာ ကျွမ်းတယ် ငါက မီးကျွမ်းတယ် လွဲ လွဲ မရေးနဲ့ မမန့်နဲ့ မပြောနဲ့ မ like နဲ့ လိုက်ပေးပါ လိုက်ခ် ပေးပါ မလိုက်ခ်ဘူးဟုတ် ဖျက်တယ် မန့်ပါဦး တစ်ခုနှစ်ခု မန့်ပါဦး လေးငါး ဆယ်ခု ဒါဟာ Network Diary Cyber bullying Cyber ကျေးဇူးပြု၍ တစ်နေ့တစ်ခါ လာမန့်ပါ သို့မဟုတ် ။

မိုးအိမ်လူ

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

kwi,,kwi,,
rofl

commentinfo By: ei lay at Feb 15, 2012
Comment #2

ကောင်းတယ် ကောင်းလိုက်တာ ကောင်းပါတယ်ဆိုမှ လာလာကောင်းပြနေသေးတယ် ကောင်းတယ်ဆိုတော့ ကောင်းတာပေါ့ဗျာ ကောင်းတာမှလွန်ရော ကောင်းလိုက်တာ တစ်ဖက်ကမ်းခတ် ကောင်းကောင်းကောင်း တော်သင့်ညံကောင်း ကောင်းသမှကောင်းရော ကောင်းတယ်လေကောင်းတာက ကောင်းတာပေါ့ ကောင်းကောင်းကြီးဗျာ လွှတ်ကောင်း အရှိန်လျှော့ပီးကောင်း တင်ပီးကောင်း တော်တော်ကောင်း

ဘာပဲဖြစ်ဖြစ် ခင်ဗျားကဗျာကောင်းတယ် ကိုမိုးအိမ်လူ

commentinfo By: မောင်မြတ်သူ at Feb 15, 2012
Comment #3

ko myat thu ye comment ka le ko moe ang ye poem ne htet tu kaung par d,

commentinfo By: ei lay at Feb 15, 2012
Comment #4

😀 ………. ကို မိုးအိမ်လူကဗျာကို ကွန်းမန့် မန့်ချင်လွန်း လို့ပါဗျာ

commentinfo By: မောင်မြတ်သူ at Feb 15, 2012
Comment #5

ဟတ်ဟားး ကိုးလောက်တယ်
လေးစားပါတယ်ခင်ဗျာ ( ရင်ဘတ်နဲ့ မန့် သွားတာပါဗျာာ )

commentinfo By: sharon myorr myor at Feb 15, 2012
Comment #6

ရေးချက်က မိုက်လွန်းတော့ နှလုံးသားကမခံစားနိုင်တော့ဘူး
ခင်ဗျားးးးးးးးးးးနောက်ကဗျာတွေတင်ရင် ကျွန်တော်လုံးဝလာမဖတ်ဘူး မှတ်ထားးးးးးးးးးးးးးးးးး 🙂
နည်းနည်းပြောင်သွားတယ် စိတ်မရှိနဲ့နော် ကဗျာဝါသနာအိုးတွေကိုခင်လို့ပါ ။

commentinfo By: X - ray at Feb 16, 2012
Comment #7

ဘာပြောရမှန်းတောင်မသိတော့ဘူး….။

commentinfo By: poem.poem28 at Feb 16, 2012
Comment #8

မန့်တယ်ကွာ…..

commentinfo By: အသဲကွဲမိုး at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment