Professional Authors

ညောင်အို – နရီထက်

“ညောင်ပင်တစ္ဆေ ဝေလေးလေး
နင် ဘယ်ကိုင်းမှာ နေ…”
အသံပြုရုံနှင့် ကြောက်လန့်နေရသလား
နွယ်အဆင်းတွေနှင့် ဘ၀င် က ပျက်ရချည်
မှော်ချည်မျှင်တွေနှင့် တွေးရချည်
တိတ်ဆိတ်မှုတွေနှင့် ညှို့ရချည်
အမြင်တွေကြားမှာ ဒဏ္ဍာရီဆန်လိုက်သေးတယ်
ရုက္ခစိုးက အုပ်ထိန်းသူ အသွင်
ဝိညာဉ်တွေက လှည့်စားတစ်ချက်
ဖုတ်သဘတ်တွေက ပြေးလွှားတစ်ဖက်
ခွေးတစ်သိုက်က အအူ… မပြတ်
ဝံပုလွေများ ပျော်မြူးကြတယ်
လပြည့်ညက သည်းခြေပျက်စရာတွေနှင့်ရယ်
ရွာအ၀င် နေဆောင်းတစ်ချို့မှာ
ခပ်သုတ်သုတ်နှင့်လှမ်းရတဲ့ ခြေလှမ်းများ
ပုံတိုပတ်စတွေနှင့် ချောက်ရတဲ့ ညသန်းခေါင်ပုံပြင်များ
နောက်ကျောက ခြေသံတွေနှင့် အရိပ်တွေများ
လေသံတိုးတိုးမှာ …. ရှဲရှဲသံလေးများ
လိပ်ပြာလွင့်စင်… ကြောက်သေးပေါက်ချင်တယ်
နောက် ….. မချောက်ပါနဲ့… ဆိုကြမြဲပါ…
နံနက်ခင်းမှာ နေခြည်တစ်ချို့တစ်ပေါက်နှင့်
ဆည်းလဲသံတစ်ချို့နှင့် အကြည့်တစ်ချက်က ကောင်းပါတယ်
“လက်ပံပင် ဆရက်ကျ” သတဲ့လား
ကျီးကန်းတစ်သိုက်က ဆူညံအပြည့်နှင့်
ပျော်စရာတွေကို ဇာတ်ခင်းရှာနေတယ်
ညောင်သီးတွေက တစ်ဖြုတ်ဖြုတ်ကြွေကျလိုက်
မြေတလင်းက ညောင်သီးပဲ့ကြွေစတွေနှင့်
အလှဆင်ထားလိုက်တာ ဆည်းဆာအားလုံးကို
ိပိုင်စိုးမယ့် မှော်ဝင်ပိုင်ရှင်လားကွယ်….။      ။

နရီထက်
( ၀၅ ၊ ဒီဇင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 5, 2011
Comment #1

မှော်ဝင်ပိုင်ရှင်

ကဗျာလေးကရသတွေအများကြီးပေးပါတယ်

အရမ်းကောင်းပါတယ် အားပေးသွားတယ်နော်

commentinfo By: harris at Dec 5, 2011
Comment #2

အားပေးသွားတယ် ……။အတွေးအခေါ် ကိုလုံးဝကြိုက်တယ်။

commentinfo By: thuya at Dec 5, 2011
Comment #3

အတွေးတွေလည်းကောင်းတယ် ရေးထာားတွေလည်း ကောင်းတယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 5, 2011
Comment #4

အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment