Professional Authors

ငန်းဖြူ – နရီထက်

မိုးကို မျှော်ကြည့် လေဆန်မခွင်းလည်း
အတောင်ကိုကား လေလာရာအရပ်
ရင်ကို ကော့ဆန့် ခြေဖျားထောက်လို့
မြေပြင်မှာတော့ မနိမ့်မမြင့် ပျံတတ်လေတယ်
ရေထဲငုပ်လျှိုး ဖျောက်တတ်တဲ့ ပဉ္စလက်
မကျင့်တတ်လည်း အလှဆုံးဂဟေဆက်
ဆန်းဆန်းပြားပြား အကအလှနှင့်
မျက်စေ့ကြည်အောင်တော့ သူ ကူးပြတတ်တယ်
စွန်ရဲ လင်းယုန် သူတို့လို မာန်မထုတ်လည်း
အသံတစ်ခုလောက်နဲ့ ရန်သူကို အားပြုတတ်တယ်
ခြံလုံအောင်လည်း ထိန်းတတ်တယ်
အကြည့်တစ်ချက်နှင့် စိတ်ဆိုးလွယ်တဲ့ ဟန်ပန်က
ချစ်စရာ့ ကလေး အသွင်ပါ
ခြံသာအောင်လည်း နေပြတတ်တယ်
ကောင်းကင် တက်ပျံတော့မယ် အလှတွေနှင့်
အို… ငွေငန်းဖြူရယ်….။      ။

နရီထက်
( ၂၁ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jan 21, 2012
Comment #1

အကြည့်တစ်ချက်နှင့် စိတ်ဆိုးလွယ်တဲ့ ဟန်ပန်က
ချစ်စရာ့ ကလေး အသွင်ပါ…………

စာသားလေးတွေမိုက်တယ်ဗျ အားပေးသွားတယ်နော်

commentinfo By: harris at Jan 21, 2012
Comment #2

စာသားအသုံး အနှုန်း လေးတွေကြိုက်တယ်နော် အားပေးသွားတယ် …..ရေးထားတာ တမျိုးလေးပဲ ဆန်းတယ်နော်။

commentinfo By: thuya at Jan 21, 2012
Comment #3

နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #4

အကြည့်တစ်ချက်နှင့် စိတ်ဆိုးလွယ်တဲ့ ဟန်ပန်က
ချစ်စရာ့ ကလေး အသွင်ပါ

commentinfo By: May Kha at Jan 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment