Professional Authors

စိတ်ကူးယဉ်လွင်ပြင်

ညအိပ်ရာဝင် 
ပုံပြင်ဆန်းလေးတစ်ပုဒ်လို
မနက်အိပ်ရာထ
ကော်ဖီပူပူလေးတစ်ခွက်လို
ငါ.  .  .မင်းအနားမှာနေမယ်

မိုးသည်းချိန်ဆို
ထီးလေးတစ်ချောင်းလို
ငါ.  .  .မင်းအနားမှာနေမယ်

နေအရမ်းပူရင်
အရိပ်ကလေးတစ်ခုလို
ငါ.  .  .မင်းအနားမှာနေမယ်

မင်း ချမ်းနေရင်
စောင်လေးတစ်ထည်လို
ငါ.  .  .မင်းအနားမှာနေမယ်

မင်း  ငိုရင်
ခေါင်းအုံးလေးတစ်လုံးလို
ငါ.  .  .မင်းအနားမှာနေမယ်

မင်း  ပျော်ရင်
မင်းရဲ့အရိပ်လေးလို
ငါ.  .  .မင်းအနားမှာနေမယ်

မင်း  သောင်းကျန်းရင်
ကျိန်လုံးတစ်လုံးလို
ငါ.  .  .မင်းအနားမှာနေမယ်

မင်း  ဖျားနေရင်
ဆေးလေးတစ်လုံးလို
ငါ.  .  .မင်းအနားမှာနေမယ်

မင်း  စိတ်ဆိုးနေရင်
လူရွှင်တော်တစ်ယောက်လို
ငါ.  .  .မင်းအနားမှာနေမယ်

မင်း  ပျင်းနေရင်
သီချင်းလေးတစ်ပုဒ်လို
ငါ.  .  .မင်းအနားမှာနေမယ် ။
                                      Ray

17th October,2011.
07:00 AM

In: ကဗျာ Posted By: Date: Oct 18, 2011
Comment #1

ချစ်သူ အတွက်တော့ တော်တော်သဘောကျ စေမယ် စိတ်ကူးပဲ

Comment #2

ကောင်းလိုက်တဲ့စိတ်ကူးလေးပဲဗျ။
ကိုx-rayရဲ့ကောင်မလေးသာဒီကဗျာကိုဖတ်မိရင်..တော်တော်ပျော်မှာပဲဗျ။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 18, 2011
Comment #3

ကိုလုလင်ရေ ကျွန်တော့မှာ ချစ်သူဆိုလို့မူးလို့ရှူစရာတောင်မရှိပါဘူးဗျာ တစ်ဖက်သတ်အမှောင်ထဲကျင်လည်နေရသူမို့ ချစ်တဲ့သူကရင်ဘတ်ထဲမှာဘဲရှိတယ် ကျွန်တော့ကဗျာလေး ခံစား. .အားပေးသွားတဲ့ ကိုလုလင်ငယ်သွေး နဲ့ genius ကျေးဇူးအထူးတင်တယ်ဗျာ ဒီရောင်းရင်းတွေရဲ့ အားဆေးတွေကြောင့် ကျွန်တော်ကဗျာတွေထဲအသက်ဆက်နိုင်တာပါ အားလုံး အားလုံး ကျေးဇူးပါ ။

commentinfo By: X - ray at Oct 18, 2011
Comment #4

if it is true,,,how i m happy.
if it is real,,,how i m lucky.

commentinfo By: ei lay at Oct 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment