Professional Authors

ငါ. . .မသိလိုက်ဘူး

ထောင်ချောက်တစ်ခုမှာ
မှောက်ယက်လဲတာ
ရက်စွဲတွေသာ 
အထပ်ထပ်သေတယ်
ပြန်ထရကောင်းမှန်း. . .မသိလိုက်ဘူး

လေရူးတိုင်း
တစ်ရွက်. .ပြီး. .တစ်ရွက်
မြေပြင်ကိုသွားနမ်းတာ
အရိုးသာပြိုင်းတယ်
မုန်တိုင်းမှန်း. . .မသိလိုက်ဘူး

မင်း  တောင်းတိုင်း
တဖဲ့.   .တဖဲ့
ပျော်ပျော်ကြီးခွံ့ကျွေးခဲ့တာ
အသည်းနှစ်ခြမ်းသာကုန်တယ်
မုန်းရကောင်းမှန်း. . .မသိလိုက်ဘူး

ပေးဆပ်ခြင်းတွေနဲ့
ငါ.   .မင်းရင်ခွင် 
ဟိုး အမြင့်ဆုံးထိတက်ခဲ့တာ
အကျနာဖို့မှန်း. . .မသိလိုက်ဘူး ။   ။

15th October,2011.
7:20 am

In: ကဗျာ Posted By: Date: Oct 16, 2011
Comment #1

လေရူးတိုင်း
တစ်ရွက်. .ပြီး. .တစ်ရွက်
မြေပြင်ကိုသွားနမ်းတာ
အရိုးသာပြိုင်းတယ်
မုန်တိုင်းမှန်း. . .မသိလိုက်ဘူး

Comment #2

အားပေးတဲ့ ကိုလုလင်ငယ်သွေး ကျေးဇူးပါဗျာ ။ကျွန်တော့ကဗျာလေး အားပေးသူ ၊ အားမပေးသူ အားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ ။

commentinfo By: X - ray at Oct 16, 2011
Comment #3

hman like tar..
hman like tar..

commentinfo By: ei lay at Oct 19, 2011
Comment #4

ထောင်ချောက်တစ်ခုမှာ
မှောက်ယက်လဲတာ
ရက်စွဲတွေသာ
အထပ်ထပ်သေတယ်
ပြန်ထရကောင်းမှန်း. . .မသိလိုက်ဘူး

ဘာလို့မသိတာလဲ

commentinfo By: kaungkinsoe at Nov 23, 2011
Comment #5

ထောင်ချောက်တစ်ခုမှာ
မှောက်ယက်လဲတာ
ရက်စွဲတွေသာ
အထပ်ထပ်သေတယ်
ပြန်ထရကောင်းမှန်း. . .မသိလိုက်ဘူး

commentinfo By: kaungkinsoe at Nov 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment