Professional Authors

နေလို ရေလို ~~ တိမ်လို လေလို

ရင်အကွဲအပြဲအထင်နဲ့

ဂရုဏာတွေခြွေချမိလို့

အခု

ငါကိုယ်တိုင်

အချစ်ကို.  ..

သဂြိုလ်ခဲ့ပြီ
 
    ~~~

မင်းမြိုက်ခဲ့တဲ့

မီးဆိုတာလည်း

လေနဲ့တွေ့ရင်

ငြိမ်းတတ်လွန်းလို့

ငါကိုယ်တိုင်

သတ်ပစ်ခဲ့ပြီ
 
    ~~~

သက်တန့်မြင်ဖို့

မိုးရွာစေချင်တာမဟုတ်ဘူး

ငါ…… .

အေးနေချင်ရုံလေးပါ

အသီးအပွင့်ဝေဖို့

အပင်စိုက်ခဲ့တာမဟုတ်ဘူး

ငါ…… .

အရိပ်ရနေချင်ရုံလေးပါ

         ~~~~

တကယ်တော့

မင်းအနားမှာ

နေလိုအလင်းရောင်တွေနဲ့

ရေလိုအေးအေးချမ်းချမ်းနေချင်ခဲ့တာ

ဒါပေမယ့်

မင်း.  ..

ငါ့နံဘေးမှာ

မှောက်ယက်လာလာလဲတိုင်း

ထိုးကျွေးပေးခဲ့တဲ့

ဒီရင်ဘတ်ကြီး

အခု

မင်းကြောင့်

မင်းအနားကနေ

တိမ်…..တွေ…လို…..က…….ပြီး

….လေ..တွေ…လို.. .

တိတ်တဆိတ်ထွက်သွားရတော့မယ် ။  ။

                                                   Ray

28th December, 2011
15:00


        

In: ကဗျာ Posted By: Date: Dec 29, 2011
Comment #1

တိမ်…..တွေ…လို…..က…….ပြီး

….လေ..တွေ…လို.. .

တိတ်တဆိတ်ထွက်သွားရတော့မယ် ။ ။

တော်သေးတာပေါ့ဗျာ….လေလည်ပြီးထွက်မသွားလို့ ။
တော်ကြာ..တရာခံဘယ်သူလဲဟေ့ဆိုပြီး အီးကို dna စစ်နေရဦးမယ်။
ဟိဟိ။
ခင်တဲ့..ကိုကိုဖရီး (မူလလက်ဟောင်း)

commentinfo By: ကိုကိုဖရီး at Dec 29, 2011
Comment #2

he,,he,,
taw taw nour de ko ko free.
thu myar tway a te kwe nay par de so hma,,,,,,,,,,
he,,he,,,

commentinfo By: ei lay at Dec 29, 2011
Comment #3

သက်တန့်မြင်ဖို့

မိုးရွာစေချင်တာမဟုတ်ဘူး

ငါ…… .

အေးနေချင်ရုံလေးပါ

အသီးအပွင့်ဝေဖို့

အပင်စိုက်ခဲ့တာမဟုတ်ဘူး

ငါ…… .

အရိပ်ရနေချင်ရုံလေးပါ

ကဗျာကောင်းလေးဗျ တင်ပြပုံလေးတွေကောင်းတယ် အားပေးသွားပါကြောင်းးးးးးးးး

Comment #4

အီးကို DNA စစ်ရင်တော့ စစ်တဲ့စက်တော်တော်ခေါင်းကိုက်သွားမယ် ကိုကိုဖရီးရေ ဘာလို့ဆို ကျွန်တော့အီးက အနံ့မရှိ ၊ အရောင်မရှိ ၊ အဆင်းမရှိတဲ့ ဗလာအီးလေးမို့ပါး)
ကဗျာလေးကို ခံစားအားပေးသွားကြတဲ့ ကိုကိုဖရီး ( ခေတ္တ – မပြားသေး) နဲ့ မအိလေး ၊ အစ်ကိုမြတ်သူ တို့အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် နောင်လည်း Ray ကဗျာတွေ လိုတာရှိရင် ဝေဖန်ပေးကြပါ ညီအစ်ကိုမောင်နှမအားလုံးရဲ့ ဝေဖန်မှုကို အမြဲတန်ဖိုးထားလျှက်ပါ
With respect,
RAY

commentinfo By: X - ray at Dec 30, 2011
Comment #5

he,,,he,,,,,,,,,,,,,
ha,,ha,,,
sate nyit par de naw,,,,,,,,,,,,
tay tay char char ko shin pya nay dot tar pe.
ngo r htet yee r tan nay par p,,

commentinfo By: ei lay at Dec 30, 2011
Comment #6

ဗလာအီးပိုင်ရှင်လေးအား
အမ အားပေးသွားကြောင်းနှင့် ကဗျာလေး ကို နှစ်သက်မိပါကြောင်း

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #7

he,,he,,
ei lay le nout 2 khout r pay par d.

commentinfo By: ei lay at Jan 18, 2012
Comment #8

ဟာ……….သေစမ်း
ဗလာအီးပိုင်ရှင်လေးတဲ့ အစ်မတော်နာမည်အပေးတော်တယ်ဗျာ ထိုင်ငိုချင်စိတ်တောင်ပေါက်သွားတယ်း)
ကဗျာလေးကို အားပေးသွားတဲ့ အစ်မတော်အသဲ နဲ့ မအိလေးကို ကျေးဇူးအများကြီးတင်ပါတယ်
နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင် စိတ်ထဲရှိသလိုဝေဖန်ပေးပါ
ကဗျာညီအစ်ကိုမောင်နှမအားလုံးရဲ့ ဝေဖန်အကြံပေးခြင်းကို အမြဲတန်ဖိုးထားလျှက်ပါ ။
With respect,
RAY

commentinfo By: X - ray at Jan 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment