Professional Authors

အမေပြောတဲ့ ကိုဒေဝေါ

ကျွန်တော်ငယ်စဉ်
စိတ်ဝယ်တွင် သည့်
ထိုအတွေးရယ်
နှလုံးကို ခြယ်
အသည်း မှာဆိုး
ဘာမှန်းမသိတဲ့
ကိုလူဆိုးရယ်
အိပ်မက်ဝယ်အုပ်စိုး
နင် ဆိုးပါက
ထိုအကောင်လေ
ဟို ဂျောင်ကလောင်က
နင်ကို ခြေဆွဲ
ပေါင်ကို ဖြဲမယ်တဲ့
အရပ်ကရှည်ရှည်
အသားရယ်မဲမဲ
နားရွက်ကယ် အသုံးဝင်
တစ်ဖက်ကို ခြုံ
တစ်ဖက်ကို ယပ်ခတ်
ဇိမ်ကျတတ်တဲ့
ကိုလူဆိုး
မိုးရွာလျှင် လဲ သူပါ
မိုးချုပ်လျှင်လဲ သူပါ
မေမေ ထံ မဆိုးရဲ
ကျွန်တော်ကို လိမ္မာအောင်
သူလေလုပ်တဲ့
အမေပြောတဲ့ကိုဒေဝေါ……..။

In: ကဗျာ Posted By: Date: Aug 22, 2011
Comment #1

အားပေးသွားတယ် ကိုဒေါဝေါကြီး

Leave Comments

Name*

Email*
Website
Email me whenever there is new comment