Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34816 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ချစ်သူ (၃) (Kitty Yang)

ဟိုအရင်က
ဟန်ဆောင်ခြင်းတွေ
ကင်းမဲ့နေတယ်။
ဇတ်ခုံပေါ်တက်ပြီး
မင်းသမီးလုပ်ဖို့တောင်
စိတ်မကူးမိပါဘူး။

ဒဏ်ရာတွေပွလန်ကျယ်နေလည်း
ဒီဒဏ်ရာတွေထွေးပိုက်ပြီး
မြို့တစ်ပတ် ပတ်လို့
ဘယ်သူဖေးမ မလဲ
ရှာခဲ့ဖူးတယ်။

ချစ်သူ..
ဒီဒဏ်ရာတွေနဲ့
ငါ့ကို ကုစားပေးခဲ့တာ..
မင်းရဲ့
နွေးထွေးမှုတွေလို့ ငါထင်တယ်။
ဒဏ်ရာတွေလဲ
ကုန်ပါပြီ။
ငါ့ဘဝမှာလည်းအရမ်းပျော်ခဲ့ပါပြီ။

အခုတော့
ဒဏ်ရာအသစ်တွေနဲ့
ရှင်သန်လို့နေရပြီ။
ဘယ်သူလာကယ်မှာလဲ။
ချစ်သူ.. ပေးပါဦးလား…
ကြင်နာခြင်းတွေနဲ့ ပြည့်နေတဲ့
မင်းအသံ၊ မင်းအထိအတွေ့။

ဘာဖြစ်လို့လဲ..
ချစ်ခြင်းတွေ မင်းဆီမှာမရှိတော့တာလား..
ခါးသက်သက်အသံတွေနဲ့
ငါ့ကိုသတ်နေတာလား..။
ဆူဖို့ ဟောက်ဖို့ကလွယ်လို့
ငါ့အတွက်ချိုသာခြင်းဆိုတာရှိရဲ့လား။

ချစ်သူ..
ဝမ်းနည်းနေလည်း
ထူးမှမထူးတော့တာပဲ။
မျက်ရည်မြစ်ကြီးဖြစ်နေပါစေ…
ဂရုရောစိုက်သေးရဲ့လား..
သနားတတ်တဲ့
မင်းရဲ့ နှလုံးသား ကျားစားသွားလား။

ပျော်ပျော်သာနေလိုက်ပါမယ်..
သေခဲတယ်။
ငါ့စိတ်ကိုငါဖေးမမယ်..
ဘယ်သူမှငါမလိုဘူး။
အပြုံးတွေ ငါ့မျက်နှာမှာ
ပန်ဆင်ပြီး
ကိုးရီးယားမင်းသမီး
သွားလုပ်လိုက်တော့မယ်။

8th.9.2008

In: ကဗျာ Posted By: Date: May 8, 2010
Comment #1

ခံစားချက် အစစ်အမှန်တွေမို့ ထင်တယ် ကောင်းတယ်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)