Professional Authors

ကျွန်တော့် ကဗျာ…..

မနေ့ က ရာသီဥတုက
ဒီနေ့ နဲ့ မတူဘူး
မိုးရွာရင်ရွာမယ်
နေပူရင်ပူမယ်…
ဘာမှအစိုးမရတော့   ငါ
အပြင်ထွက်ရမလား…
အပြင်ထွက်ရင်ကော  ထီးဆောင်းရမှာလား…
ဘာမှန်းကို မသိဘူး…
တောက်တခေါက်ခေါက်နဲ့  အိပ်ပြစ်လိုက်တယ်…
အိပ်မက်ထဲမှာတော့
နှင်းတွေကျလို့ ……
မနေ့ က လက်ကျန်ကော ရှိသေးလား
ရေဒီယို ကတော့ပျက်နေတယ်
ဝင်ချင်ရင်တော့ တံခါးတော့ ခေါက်ပါ
ကျေးဇူးတင်တယ်ဆိုရင်
ရေတစ်ခွက်လောက်တိုက်ပါ…
ပြဇာတ်က ကောင်းတယ်နော်
မိုးဇာတ်ရဲ့ တယောသံတွေမကြားရတာကြာပြီ…
နေကောကောင်းရဲ့ လား
ကားတွေကကြပ်လို့  လမ်းလျှောက်လာခဲ့ တာ
မီးပွိုင့်တွေ ခဏခဏမိနေတယ်….
ချော်လဲလို့ ရောထိုင်မိတာပါ
လက်မှတ်တော့ မပါဘူး
မိုးတွေအေးတယ်တဲ့…
ကျန်းမာရေးလဲ ဂရုစိုက်ဦး
ဟုတ်ကဲ့ …..သွားပြီနော်
အရှေ့..အနောက်
တောင်…မြောက်
မထူးပါဘူး….မြို့ ပတ်ရထားပဲ စီးတော့ မယ်…
အကြွေပါရင်ပေးပါ..
တစ်ရာ  ပြီးရင်အမ်းမယ်နော်…
မောတယ်…မောတယ်…
ရေသောက်လိုက်ဦးမယ်…
ဇာတ်သိမ်းခန်းကျတော့
မင်းသားနဲ့ မင်းသမီး ပေါင်းရမှာလား
ဟော…မီးပျက်သွားပြီ….

In: ကဗျာ Posted By: Date: Jul 17, 2011
Comment #1

………….
ဖတ်သွားတယ်…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #2

ဟော မီးပြန်လာရင်ရေ . . . ။

commentinfo By: nanpyisoke at Jul 18, 2011
Comment #3

ကောင်းမှကောင်း

Comment #4

အစ်ကို
မီးကဘာဖြစ်လို့ပျက်တာလဲ
ဒီလောက်မီးတွေပေးထားတာ
သတင်းစာဖတ်ရင်တောင် ဓာတ်လိုက်တယ်နော်
ကိုရီးယားလို ကြိုးစားထားကိုဘယ်လိုပြောလဲ
အင်း…………ဖိုက်တီး…….မှန်မယ်ထင်တယ်
အိုကေ

commentinfo By: myboy at Jul 21, 2011
Comment #5

‘ဒီကဗျာကတော့ တမျိုးပဲ

commentinfo By: မယ်မနော at Jul 31, 2011
Comment #6

strange.

commentinfo By: ei lay at Jul 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment