Professional Authors

သူ့အတွက် ကျွန်တော့် ရဲ့…

ကျွန်တော်ရဲ့အချစ်တွေကို
ပုံပြင်တစ်ပုဒ်လို သူအပြင်းပြေစေဖို့
ပြောပြချင်တယ်
နာရီလက်တံတွေရဲ့ ကြားက
ကျွန်တော့်ရဲ့ သတိရမှုတွေကို
ကဗျာတစ်ပုဒ်လို
မနားတမ်းရွတ်ပြချင်တယ်
ကျွန်တော့်ရဲ့ စိုးရိမ်စိတ်တွေကိုလည်း
အရိပ်တစ်ခုလို သူ့အနားမှာ
ထားရှိချင်တယ်
ကျွန်တော့်ရဲ့ စိတ်ကူးတွေနဲ့လည်း
သူ့ဘ၀သာယာစေဖို့
အုပ်မိုးထားလိုက်ချင်တယ်
ကျွန်တော်က…
နေပူပြင်းတဲ့အခါ သူ့အတွက်
ထီးတစ်ချောင်း ၊ အမီုးတစ်ခု
မိုးရွာလာတဲ့အခါ
လုံခြုံစွာ နားနေရာ
ချမ်းအေးတဲ့အခါ
နွေးထွေးစွာနဲ့ မှီခိုစရာ
သူ့အတွက် အေးမြလှတဲ့
သဘာဝတရားက ကျွန်တော်
နူးညံ့သာယာတဲ့ လောကဓံ ကလည်း
ကျွန်တော်သာ
အားပေးကူညီတက်တဲ့ သူငယ်ချင်းကောင်းဖြစ်သလို
လက်တွဲခေါ်ဆောင်နိင်တဲ့
ချစ်သူတစ်ယောက်ဖြစ်ခဲ့ ရတယ်
အခြေနေခြင်းတွေ မတူညီခဲ့ရလို့
ဝေးကွာနေရပေမယ့်
သူ့ကို အမြဲ ချစ်နေရဆဲပါ…

In: ကဗျာ Posted By: Date: Nov 14, 2012
Comment #1

အခြေနေခြင်းတွေ မတူညီခဲ့ရလို့
ဝေးကွာနေရပေမယ့်
သူ့ကို အမြဲ ချစ်နေရဆဲပါ…

သူသိပါစေနော် …

commentinfo By: maypyo22889 at Nov 14, 2012
Comment #2

Yin hte ko yout twar p naw

commentinfo By: ei lay at Nov 14, 2012
Comment #3

🙂

commentinfo By: ei lay at Mar 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment