ကျွန်တော့် အချစ် ရင်တွင်းဖြစ်
ဒေါသတွေက ရှေ့ကပြေး
မာနတွေက နောက်ကလိုက်တယ်..
မယစ်မူးပဲနေခဲ့ပေမယ့်
လူဆိုတာ တဏှာမှမကင်းနိုင်ပဲ
အဲဒီအထဲ ငါလဲပါခဲ့ပါတယ်….။
ပြုတ်ကျသွားတဲ့ နှလုံးသားတစ်စုံ
အရင်ကမင်းအတွက် ပုံပေးခဲ့တာပါ..
နင် မကြင်နိုင်မှ အခုလိုပြုတော့..
ငါဘယ်လိုခံစားရမလဲတော့
နင်တွေးပေါ့ဟာ..။
ဆူးပေါ်ဖက်ကျ ဖတ်ပေါက်
ဖတ်ပေါ်ဆူးကျ ဖက်ပေါက်တဲ့
တကယ်တော့ မြေနိမ့်ရာလှန်စိုက်တာပါ..။
ငါအဖြစ်က ကံဆိုမသွားရာကို
မိုးလိုက်ပြီးရွာသလိုပါပဲ..၊
ကံကိုယုံပြီးဆူးပုံနင်းမိတော့
လူဖြစ်တကယ်ရှုံးရတာပါပဲ..၊
လမ်းဆုံးလျှင်ရွာတွေ့မယ်ဆိုလို့
ကိုယ့်လှေကိုထိုး
ပဲခူးရောက်ရောက် စိတ်စွဲပြီး
သွားတဲ့ အချစ်ခရီးမှာ
လမ်းဆုံးလို့တောင်ရွာမတွေ့ပါဘူး…။
သားရေပေါ်အိပ်ပြီး
သားရေအနားစားတာမဟုတ်ပါဘူး..၊
ကံကြမ္မာနေမပေးလိုသာ
ချော်လဲရောထိုင်လိုက်ရတာပါ…၊
တကယ်တော့..
သည်ယုမန်မြင်လို့
သည်ချုံထွင်လိုက်ရတာမဟုတ်ပါဘူး…
နင် အထင်မလွဲပါနဲ့…။
တတား တစ်စင်းတည်ဆောက်ဖို့
မြစ်မရှိပဲ မရသလိုပေါ့…
ငါဘဝတည်ဆောက်ဖိုကတော့
နင်ရှိနေမှဖြစ်မှာပါ…
ချစ်ရပါသော လှကညှာ…။
Comment #3
ပြုတ်ကျသွားတဲ့ နှလုံးသားတစ်စုံ
အရင်ကမင်းအတွက် ပုံပေးခဲ့တာပါ..
နင် မကြင်နိုင်မှ အခုလိုပြုတော့..
ငါဘယ်လိုခံစားရမလဲတော့
နင်တွေးပေါ့ဟာ..။
ကိုရဲသူ..အားပေးသွားပါတယ်။
By: poem.poem28 at Jul 13, 2011
Comment #7
kwi,,kwi,,,
i like both poem & comments so much.
😛 😛 😛
By: ei lay at May 9, 2012




Comment #1
ဆူးပေါ်ဖက်ကျ ဖတ်ပေါက်
ဖတ်ပေါ်ဆူးကျ ဖက်ပေါက်တဲ့
ပြောင်းသွားပြီဗျ
ကျောက်ပြင်ပေးဘဲဥကျလည်းဘဲဥကွဲတာပဲ
ဘဲဥပေါ်ကျောက်ပြင်ကျလည်းဘဲဥကွဲတာပဲ