Professional Authors

နားလည်ပေးလိုက်တယ်

ခပ်တိုးတိုးလေးအော်ခေါ်မိတယ်

နင်က ဘယ်သူမှမထင်တဲ့နေရာမှာ

ငါရှာတွေ့ခဲ့တဲ့သူတစ်ယောက်

 

နင်ရယ်မှမဟုတ်ပါဘူး

ငါ့အားပေးဖော်ဆိုတာငါတန်ဖိုးအထားဆုံးအရာ

 

သူသူငါငါကြားထဲ

နင်လူတကာထဲရောနှောနေမှာပဲတွေးမိလေသလား

 

စာနာနိုင်ပါတယ်

လူတကာရဲ့အတွေးတစ်ချို့အတွက်ပေါ့

 

ငါရေးတဲ့ကဗျာ ငါပြန်ဖတ်ရမှာတောင်

တစ်ချို့အချိန်တွေ ပျင်းတတ်သေးတယ်

နင့်အတွက်ကျတော့…နဲနဲဆန်းတယ်

 

ဒီလိုပဲပေါ့

ထူးမလာဇာတ် ဘယ်ကကွက်ပြောင်းပြောင်း

အဟောင်းမှန်းသိနေတော့လဲ

စိတ်ဝင်စားမှုအတွက်က အခက်အခဲရှိနိုင်တယ်လေ..

 

 

In: ကဗျာ Posted By: Date: Jun 29, 2011
Comment #1

ဒီလိုပဲပေါ့

ထူးမလာဇာတ် ဘယ်ကကွက်ပြောင်းပြောင်း

အဟောင်းမှန်းသိနေတော့လဲ

စိတ်ဝင်စားမှုအတွက်က အခက်အခဲရှိနိုင်တယ်လေ..
ငယ်လေး…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 29, 2011
Comment #2

အားပေးသွားပါတယ်………….။

commentinfo By: မြေနံ့ at Jun 29, 2011
Comment #3

ဓာတ်ပုံက လှတယိကွာ…။

Leave Comments

Name*

Email*
Website
Email me whenever there is new comment