Professional Authors

မေလ 1 ရက်နေ့ ရယ် .. . ဖြစ်နိုင်ရင် သက္ကရာဇ်တွေ ထဲမှာ မရှိ ပါနဲ့ လား .. .

တစ်ချိန်က သူနဲ့ ပြောခဲ့ဘူးတဲ့ Mail တွေကို ပြန်ဖတ်ကြည့်မိ . .. 

နေကောင်းလားလို့ ဂရုတစိုက်မေးတတ်သည့်  ..သူမ

မေလမှာ သိခဲ့ပြီး မေလမှာပဲ နှုတ်ဆက်ရတော့မည် ….

သူ့ကို ဆရာလုပ်တာ မကြိုက်ဘူး ..

တင်တင်ခိုင် …လေ

အိပ်မက်တွေကို ပိုင်သူပေါ့

ဘ၀ကို control လုပ် ၊ အုပ်ချုပ်နိုင်သူ

…………… အခုတော့ မဆိုင်လူတွေ လိုပဲ

တစ်နေ့ ကို ဖုန်း 3ခါ ဆက်တယ်. 

ည 8 ခွဲ ဆို ငါ သိပ်ပျော်ပေါ့   . .

ဖုန်းသံက သူမကို တစ်ပါတည်း ခေါ်ဆောင်လာခဲ့

ချစ်သူမဟုတ်ပဲနဲ့ ရင်ချင်းဆက်ခဲ့တဲ့ ရက်တွေလေ. .

အခုအချိန်ပြန်တွေးတော့ ငိုချင်း ထပ်

အိပ်မရတဲ့ ညတွေ ပဲ ဆက်လာတယ်

အလုပ်မသွား ခင် မနက်စာ အတူတူစား ..

ကော်ဖီ ခါးခါးတစ်ခွက်လေ . ..  ၊ 6 ထပ်ကြီး နားမှာလေ …

…………………………………ချောင်ကျကျ လက်ဖက်ရည်ဆိုင်လေးမှာလေ ၊

အခုတော့ အဲဒိမနက်တွေ ပုပ်သိုး ကုန်ပြီပေါ့ ခိုင် . . ..

.. ကလင် … ကလင် . .

ဟဲလို . ..  .ခိုင် လား. .. .. ရဲနောင် …  ..နေကောင်းရဲ့လား

…………..

အဲဒိလို ဂရုတစိုက်မေးသံတွေနဲ့

ဖုန်းထဲမှာ အလွမ်းတွေသယ်

……… အချစ်ရယ် ရဲနောင် ဆိုတဲ့ ကောင် ဘယ်လိုခံစားနေရမလဲ

မင်း လာ ကြည့်ပါလား ………..

အခုတော့ အဲဒိဖုန်းသံတွေ ရုပ်ဆိုး ကုန်ပြီပေါ့ ခိုင်ရာ . . ..

မင်းယူမယ့် ယောကျာ်း .. ငါ့ထက်ပို ပြီး မင်းကို ပျော်အောင် ထားနိုင်လို့လား ကွာ

ဘာလို့ လွန်ခဲ့တဲ့ 5နှစ်ကျော်က ငါတို့တွေ မတွေ့ ဖြစ်ခဲ့ကြတာလဲ

.. အတိတ်က ပုံရိပ်တွေ နဲ့ ပဲ အခုတော့ အလွမ်းဖြေနေရတယ် ( မပြေနိုင်တဲ့ အလွမ်းတွေ ကိုလေ )

မေလ 1 ရက်နေ့ ရယ် .. . ဖြစ်နိုင်ရင် သက္ကရာဇ်တွေ ထဲမှာ မရှိ ပါနဲ့ လား .. .

In: ကဗျာ Posted By: Date: Jun 18, 2011
Comment #1

nice poem . . . .

commentinfo By: fridayofpoem at Jun 18, 2011
Comment #2

အင်း………ငါတို့တိုက်ခဲ့တဲ့…..ပွဲ…..အပြုံးတွေနဲ့ပဲနောက်လှည့်ခဲ့ရတယ်။။
ဒါပေမယ့်…..မျက်ရည်တော့နဲနဲဝဲမိသား……………………………..

commentinfo By: khant naung at Jun 20, 2011
Comment #3

Very Good!!!!!!!

Leave Comments

Name*

Email*
Website
Email me whenever there is new comment