Professional Authors

ဆုတောင်း

ဟုတ်တာပေါ့ ပုစ္ဆာအပျော့မှာ
ငါတစ်ပုဒ်စာလျော့ခဲ့ရတယ်
တဖျတ်ဖျတ်တောက်လိုသည့်
သီအိုရီများနိယာမများ
ငါကိုကမှားခဲ့တာလား
သူကပဲထားခဲ့တာလား
သေချာတာတော့နှစ်ယောက်စလုံး
မျဉ်းတစ်ကြောင်းထဲခြားနားခဲ့ရတာပဲ
မျဉ်းပြိုင်နှစ်ကြောင်းဆုံတာမဆုံတာ
ငါ့အလုပ်မဟုတ်ဘူး
ခပ်ပါးပါးလွဲခဲ့ရတဲ့
ကြမ္မာတံခါးကိုပဲမုန်းတယ်
မင်းတုံးတပ်ထားတဲ့နှလုံးသားလား…
အတားအဆီးခပ်ကျဲကျဲနဲ့
အခက်အခဲကိုမှမကြည့်
ချစ်မိခဲ့တဲ့ငါပဲမှားခဲ့တာလေ…
အရိုင်းအစိုင်းတွေဆီမှာတောင်မချန်
ငါပြန်ဆုတောင်းတော့မယ်
မျဉ်းပြိုင်ဘ၀ဘယ်လိုပဲဖြစ်နေနေ
အလင်းစွေစောင်း
ထောင့်ပြောင်းသောအချိန်သာရှိလာပါစေတော့
                                                    မိုးသစ်လေပြည်

In: ကဗျာ Posted By: Date: May 16, 2011
Comment #1

ဆုတောင်းပြည့်ပါစေဗျာ…..ရေးထားတဲ့ပုံစံလေး…မိုက်တယ်

commentinfo By: terry at May 17, 2011
Comment #2

ကျေးဇူးပါ ကိုတယ်ရီ

commentinfo By: Moe Thit Lay Pyay at May 17, 2011
Comment #3

flow လေးမိုက်တယ်ဗျာ…

commentinfo By: phonegyi at May 18, 2011
Comment #4

ကျေးဇူးပါ ကိုဘုန်းကြီး 🙂

commentinfo By: Moe Thit Lay Pyay at May 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment