Professional Authors

ပင်လယ်ဗွေ

သခင် သခင်၊ ရွှေနားဆင် လော့
ချစ် ကြင်ဦး မှန်၊ ကျွန်ုပ် ကျွန်သည်
မြတ်မွန် ကြည်မွမ်း၊ သခင့်ဝမ်း ကို
မိုးဆမ်းပန်း သွင်၊ လန်းလန်း ရှင်ဖို့
စိတ်တွင် အမြဲ၊ ကြိုးမည် ခဲလည်း
ကွေကွဲ ဖို့ရန်၊ ကြမ္မာဖန် ၍
အကျွန် ကျွန်ုပ်၊ အကြံ ရုပ်လျက်
လှိုင်းလှုပ် ဒီနှော၊ ပင်လယ် ကြောတွင်
လွင့်မျော လိုရာ၊ မျောရ ပါအောင်
ကြည်သာ ခွင့်ရေး သခင်ပေး။ ။

 

သခင် သခင်၊ ရွှေနား ဆင်လော့
မြစ်ပင်လယ်တွင်း၊ တယောက်ချင်း လျှင်
လေပြင်း မုန်တိုင်း၊ ဂယက်လှိုင်း နှင့်
ပြိုင်းပြိုင်း ညိုညို၊ ကျွန်း ထိုထိုတို့
သီဆိုရင့်ကျူး၊ တေးတျာထူး ကို
ပေဖူး နုလွှာ၊ ကျွန့် သည်းချာ ဝယ်
ကောင်းစွာ ရေး မှတ်၊ ပြုပြီးလတ် မှ
ရေနတ် ဒေဝီ၊ သားရင်မှီ အား
ညရီ သာယာ၊ ချိန်ဆည်းဆာ ၌
ရေး မှတ် လို့ငှာ၊ ပန်ကြား ပါသည်
ကြည်သာ ခွင့်ရေး သခင်ပေး။ ။

 

သခင် သခင်၊ ရွှေနားဆင် လော့
သို့ပင်တစေ၊ ပင်လယ်ဗွေ ၌
လှိုင်းလေ ဆောင်ရာ၊ တသောင်ခွာ လျက်
သည်မှာ တကျွန်း၊ ဟို တကျွန်းနှင့်
ကူးသန်း သွားလာ၊ ဆည်းပူးရာ ဝယ်
တေးတျာ ယဉ်နု၊ ပုံဝတ္ထု တို့
တောင်ထု မြောက်မြား၊ ကာလ လျား၍
ဆံကျား သွားကြွေ၊ အိုမင်း လေမှ
ရပ်မြေ ပြန်ဝင်၊ ကျွန့်သခင် ကို
ကြည်ရွှင်စေ သော၊ သီဆိုပြော အံ့
ထိုရောအခါ၊ သခင့်မှာ လျှင်
ကြင်ရာ တသီး၊ ရှိလေပြီး မူ
သမီး သားမြေး၊ သခင့်သွေး အား
ကျွန့်တေး ဝတ္ထု၊ အစုစု ဖြင့်
ရွှင်မှု ပျော်ရာ၊ ပြုလိုပါသည်
ကြည်သာ ခွင့်ရေး သခင်ပေး။ ။

(၁၊ ၅၊၃၃)
(ဂန္ထလောက၊ ကဆုန်၊ ၁၂၉၅)

 

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Mar 19, 2011
Comment #1

သခင် သခင်၊ ရွှေနားဆင် လော့
သို့ပင်တစေ၊ ပင်လယ်ဗွေ ၌
လှိုင်းလေ ဆောင်ရာ၊ တသောင်ခွာ လျက်
သည်မှာ တကျွန်း၊ ဟို တကျွန်းနှင့်
ကူးသန်း သွားလာ၊ ဆည်းပူးရာ ဝယ်
တေးတျာ ယဉ်နု၊ ပုံဝတ္ထု တို့
တောင်ထု မြောက်မြား၊ ကာလ လျား၍
ဆံကျား သွားကြွေ၊ အိုမင်း လေမှ
ရပ်မြေ ပြန်ဝင်၊ ကျွန့်သခင် ကို
ကြည်ရွှင်စေ သော၊ သီဆိုပြော အံ့
ထိုရောအခါ၊ သခင့်မှာ လျှင်
ကြင်ရာ တသီး၊ ရှိလေပြီး မူ
သမီး သားမြေး၊ သခင့်သွေး အား
ကျွန့်တေး ဝတ္ထု၊ အစုစု ဖြင့်
ရွှင်မှု ပျော်ရာ၊ ပြုလိုပါသည်
ကြည်သာ ခွင့်ရေး သခင်ပေး။ ။

commentinfo By: May Kha at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment