Professional Authors

မနှစ်သက်ခြင်းများ (သက်ထွေး)

အမြင့်မှာ ဦးမော့နေတဲ့
ပန်းတစ်ပွင့်ကို
ဆွဲငင်အားက
ပစ်စလက်ခတ် ချွေယူပြီး
မြေကြီးက
တယုတယ ပွေ့ဖက်ပေးရတဲ့
သီအိုရီတွေ
ကျွန်တော်မကြိုက်ဘူး …။

မှိုတက် ဦးနှောက်တစ်စုံကို
တယုတယ တိုက်ချွတ်လို့
စာရင်းကိုင် လက်နက်တွေ ဆွဲယူပြီး
အစိမ်းရောင် ရမ္မက်တွေပဲကြီးစိုးနေတဲ့
လူတွေကို
ကျွန်တော် မကြိုက်ဘူး .. ။

ဟန်ဆောင်ခြင်းကို
ခါးကြားထိုးလို့ …
လက်နှစ်လုံးခြား ..
သစ္စာတရား မှောင်ခိုလုပ်တတ်တဲ့
လူတွေကို
ကျွန်တော် မကြိုက်ဘူး .. ။

ရွှေရောင်အိပ်မက်တွေကို
အနီရောင်ကြက်ခြေခတ် တစ်ခုနဲ့
ပွေ့ဖက်ခဲ့တဲ့
ဖြူဟန်ဆောင် ပက်တီးစတွေကို
ကျွန်တော် မနှစ်သက်ဘူး .. ။

သက်ထွေး
၂ဝဝ၈ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄း၁၉

In: ကဗျာ Posted By: Date: Apr 27, 2010
Comment #1

ကဗျာလေးက နှစ်သက်စရာကောင်းတော့…
ကိုယ့်ကိုကိုယ်တောင် မနှစ်သက်တော့ဘူး….

commentinfo By: Za TaGwel at Apr 29, 2010
Comment #2

ဟုတ်တယ် zatagwel လိုပဲ…

commentinfo By: melodyphyO at Apr 30, 2010
Comment #3

ကျနော်……………………..အသက်ရူဖို့ မုန်းနေတာကြာပြီ
ရှင်သန်ရတာကိုမုန်းလို့ ကြိုးတစ်ချောင်းပြေးဝယ်ဘူးတယ်။
ကြီုးရောင်းတဲ့ ဦးကြီးကိုမုန်းတယ်။
အိမ်ရှေ့ ကအအေးဆိုင်ကိုမုန်းတယ်။
………….ဒါပေမဲ့ ကဗျာကိုချစ်တယ်
ဘာမှမဆိုင်လဲဖက်ပေးဗျာ။

commentinfo By: ကသစ်နီ at Jun 4, 2010
Comment #4

ကသစ်နီရေးထားတာလဲ လိုက်ဖက်တရ် ဘာမှတော့ဆိုင်ဘူးနော်…

စိတ်ကူးအရမ်းကောင်းတရ် ….တကယ်လေးစားတရ် ကိုသက်ထွေးကို

commentinfo By: not leaf in tree at Jan 10, 2011
Comment #5

ဖြူဟန်ဆောင် ပက်တီးစတွေကို

ဖြူဟန်ဆောင် ပက်တီးစတွေကို

ဖြူဟန်ဆောင် ပက်တီးစတွေကို

ဖြူဟန်ဆောင် ပက်တီးစတွေကို…… အရေးအသား အတွေးအခေါ် လေးစား၏

commentinfo By: sharon myorr myor at Mar 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment