Professional Authors

Untitle

နင်ပြောတော့ နင့်စကားပေါ့
နင်သွေးတော့ နင့်ဓားပေါ့..

ငါ့ရင်ဘတ်ထဲ ဘာပဲဖြစ်ဖြစ် ထိရှစေခဲ့တာ
မမြင်မတွေ့ရတိုင်း ရမ်းချင်ခဲ့တဲ့ လူမိုက်အသိတစ်ခုဟာ
နင့်ကို တွယ်တာလွန်းလို့ဆိုတာ..
ဘယ်လိုစကားလုံး အနုအရွနဲ့မှ
ခံစားချက်တွေကို ရုံသွင်းမပြစားတတ်ဘူး

လိုအပ်ချက်တွေ ရှိလာရင်
ဘ၀ တစ်ခုလုံး ခင်းကျင်းပေးလိုက်မယ်
အချစ်ဟာ အစစ်ပါလားဆိုတဲ့ အသိတစ်ခုနဲ့တင်
အပြစ်အနာအဆာတွေကို ဖုံးဖိတတ်ပြီ
မစစ်တဲ့ အချစ်ဟာ ရေရောထားတဲ့ အက်စစ်လိုပဲ
အပေါ်ယံပဲ စားသွားနိုင်မှာပါ
နင့်အချစ်က စားသွားတဲ့ ငါ့အတ္တတွေဆိုတာ
ငါ ဟာ ငါနဲ့ မတူတော့တဲ့အထိ
အားလုံးကို မျက်ကွယ်ပြုထားနိုင်ပြီ

ငါ့အမြင်အာရုံဟာ နင့်ရှေ့လမ်းအတွက်ပဲဖြစ်ပါစေ
ငါ့အကြားအာရုံဟာ နင့်အတွက်နားပဲ ဖြစ်ပါစေ
ငါ့ပုခုံးနှစ်ဘက်ဟာ နင့်အတွက် ထောက်တိုင်ဖြစ်ပါစေ
ငါ့ရင်ခွင်ဟာ မောပန်းလာမယ့် နင့်အတွက် ပုခက်ဖြစ်ပါစေ
ငါ့ဘ၀တစ်ခုလုံးဟာလဲ နင်လျှောက်ရမယ့်လမ်းပဲ ဖြစ်ပါစေ..
ဆက်ကြေးက မနည်းသလို တန်းတူ ဒဏ်ကြေးကလဲ မနည်းစေလိုလို့
ငါ့မျက်ရည်တစ်စက်အတွက် နင့်သွေးတစ်စက် ပြန်ဆပ်ပါ
င့ါပူလောင်သောကအတွက် နင့် လောင်ကျွမ်းသောကပြန်အပ်ပါ
ငါ့အမျက်ဒေါသဝေခဲ့ရင် နင့်ကမ္ဘာလဲပျက်ပါစေ
ငါ့မာနတွေကွဲအက်ခဲ့ရင် နင့်သိက္ခာတရားလဲပျက်ပြားပါစေ

အချစ်ကို အချစ်နဲ့ပဲ အလျော်အစားလုပ်လို့
ရလဒ်က အရှုံးချည်းပဲဆိုရင်တောင်
နောင်တဆိုတာကို အတုံးလိုက်အတစ်လိုက် ထိုးကျွေးလိုက်မယ်
ငါဘယ်တုန်းကမှ သွေးမနည်းခဲ့ဘူးနော်..။

သွေးအသစ်

In: Others,Others Posted By: Date: Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment