Professional Authors

သိုးမည်း

အမှားနဲ့ ရှေ့ဆက်ဆဲ
မှားယွင်းခဲ့ ခြေလှမ်းတိုင်းမှာ
ဘ၀ရဲ့ လမ်းညွှန်မြေပုံက
မှားသွားခဲ့ပြီ…..
ဖြူစင်ချင်ခဲ့တဲ့ ဘ၀မှာ
ဆေးရောင်တွေလည်း စုံလှပေါ့
ပတ်ဝန်းကျင်က  “သိုးမည်း”  တဲ့
ဒါပေမယ့်  ဘယ်သူတွေ
အရောင်ဆိုးခဲ့ကြတာလဲ…..
ဝမ်းမနည်းခဲ့ပါဘူး
အချိန်ရဲ့  တိုက်စားမှုထဲမှာ
အရာအားလုံးက
တစ်ချိန်မှာ ပျောက်ကွယ်သွားမှာ……….။   ။

In: ကဗျာ Posted By: Date: May 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment