Professional Authors

စနေဒိုင်ယာရီ

ခြတစ်ကောင် ပရော်ဖက်ဆာတို့၏စာအုပ်ထဲ ပိတ်မိနေ၏။
ကမ္ဘာကျော်အကိုးအကားများသာ ဖြစ်သောကြောင့် သူတို့
ကျော်ဖတ်သွားကြပြန်သည်။မှတ်ဖွယ်မှတ်ရာများနှင့် သူမ၏
ဦးခေါင်းသည် memory stick တစ်ခုသာ ဖြစ်၏။အကြီးကျယ်ဆုံး
ဒဿနကျမ်း(၂၂)စောင်ကို ချောင်ထိုးသည်မှာ ငါ။မင်းကတော့
ကြယ်သီးတစ်လုံးပြုတ်နေသည့် သူမ၏အလှကို ကမ္ဘာ့အံ့ဖွယ်ရှစ်ခုမြောက်အဖြစ်
ရုပ်တုထုထားရန် ရိုဒင်၏လက်ကို လိုက်ရှာနေဆဲ။သူတို့အားလုံး လက်ခုပ်သံရှာဖို့
ရွက်လွှင့်ရန် ဖောင်ပြင်နေကြပြီ။(ဒီနေရာမှာ ဖောင်ပြင်နေတယ်ဆိုတော့
ဖင်ပြောင်နေတာပေါ့လို့ အရွဲ့တိုက်ပြောချင်နေသူမှာ မင်းပဲမဟုတ်လား ညီငယ်)။
လင်းနစ်၏ဒီဇင်ဘာညထဲ ရောက်သွားသည့်အခါ ငါသည် ငါ၏the girl from yesterdayကို
သတိရမိ၏။တိုက်ဆိုင်မှုတွေရှိတိုင်း ငါလည်း လွမ်းတတ်ပါတယ် ခင်သီတာ……………….။

In: Others Posted By: Date: Dec 12, 2010
Comment #1

တမျိုးလန်းတယ် ..

Comment #2

လင်းနစ်၏ဒီဇင်ဘာညထဲ ရောက်သွားသည့်အခါ ငါသည် ငါ၏the girl from yesterdayကို
သတိရမိ၏။တိုက်ဆိုင်မှုတွေရှိတိုင်း ငါလည်း လွမ်းတတ်ပါတယ် ခင်သီတာ……………….။

commentinfo By: အသဲကွဲမိုး at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment