Professional Authors

ပုံတူပန်းချီကား

တစ်နေ့  တစ်နေ့ 
တစ်နေ့  ပြီး တစ်နေ့ 
တစ်နေ့  ပြီး နောက်တစ်နေ့ 
တစ်နေ့ ပြီးသွားလည်း နောက်တစ်နေ့ 
ဒီမှာ
ဒီနေရာမှာ
ဒီနေရာမှာ ငါ ၊
တိတိကျကျပြောရရင် ရွာလည်နေတာ
ဟင့်အင်း . . . . ၊
လူလည်ကျတာ မဟုတ်ဘူး
လူကိုယ်တိုင်ကို လည်နေတာ
မျက်စိ လည်နေတာ
” ဒီကောင်က . .
နားလည်ရတော့ အခက်သား . . . “
လေသံ မိုးသံကြားရင် လေလည်ချင်တာ
ဇာတ်ရည်လည်ရဲ့ လား
ကမ္ဘာကြီးက လည်နေတာ
ငါက နေချင်တာမဟုတ်ဘူး
လူက တောရောက်တောင်ရောက် ဖြစ်နေတာ
တစ်နေ့  တစ်နေ့  ဖြစ်ချင်တဲ့ဆန္ဒပေါင်း
ရာချီနေတာ . . . ၊
တော် . . . ၊ တော် . . .
ကဲ . . . ၊ ကဲ . . .
တော်တော်ကဲကဲ သံသရာလည်နေတာ
ဘာလဲကွာ . . .
ငါ က နေချင်တာမဟုတ်ဘူး
မလွှဲသာလို့  အသုံးတော်ခံနေရတာ ၊
ဒီမှာ
ဒီနေရာမှာ
ဒီနေရာမှာ . . . . ငါ ။ ။

In: ကဗျာ Posted By: Date: Feb 5, 2011
Comment #1

ကိုထူးဝေ အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Feb 5, 2011
Comment #2

မိုက်တယ်ဗျ..
ကြိုက်တယ် အဲ့လို ကဗျာမျိုးး

commentinfo By: kyagee13 at Feb 6, 2011
Comment #3

ကမ္ဘာကြီးက လည်နေတာ
ငါက နေချင်တာမဟုတ်ဘူး
လူက တောရောက်တောင်ရောက် ဖြစ်နေတာ
တစ်နေ့  တစ်နေ့  ဖြစ်ချင်တဲ့ဆန္ဒပေါင်း
ရာချီနေတာ . . . ၊
…………………………..
အားပေးသွားပါတယ်…….ကိုထူးဝေ

commentinfo By: အသဲကွဲမိုး at Feb 7, 2011
Comment #4

ကျေးဇူးပါဗျာ …. ။

commentinfo By: ထူးဝေ at Feb 7, 2011
Comment #5

ဟယ်တယ်………အကိုမိုက်တယ်……ထပ်ကြိုးစားနော်…ဒီလိုကဗျာတွေဖတ်ချင်တာ

commentinfo By: thiribo at Jul 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment