Professional Authors

သစ်သား သစ်ပင်

 သစ် သား… သစ် ပင်..! ကျွန်တော်တို့နဲ့ ခွဲခွာလို့မရတဲ့ သက်ရှိမိတ်ဆွေတွေလား.. သက်မဲ့ မိတ်ဆွေတွေလား… ။ ကာလ ဒေသအလိုက်.. ခိုင်ခံမှုတွေအတွက်ရော.. အသုံးတော်ခံမယ့် နေရာတွေရော ကွာခြားသွားမှာပါ… နည်းပညာအရ လိုက်နာရမယ့် သဘောတရားတွေ… သဘာဝအရ အမျိုးမျိုးအထွေထွေ ရှိတဲ့ သဘောတရားတွေ…. သုံးသူရဲ့ သဘောကို စောကြောလိုက်ရင်ဖြင့် သစ် သား… သစ် ပင်..! ကျွန်တော်တို့နဲ့ ခွဲခွာလို့မရတဲ့ သက်ရှိမိတ်ဆွေတွေလား.. သက်မဲ့ မိတ်ဆွေတွေလား…

သစ် သား… သစ် ပင်..!
သူတို့ရဲ့ ရုပ်ဝတ္ထု ဂုဏ်သတ္တိတွေ…
သူတို့ရဲ့ မမြင်ရတဲ့ စွမ်းအားတွေ…
သဘာဝက ပေးထားတဲ့ အစွမ်းလား…
အသုံးပြူသူရဲ့ အသုံးချနိုင်စွမ်းလား…။

သစ် သား… သစ် ပင်..!
ကျွန်တော်တို့နဲ့ ခွဲခွာလို့မရတဲ့ သက်ရှိမိတ်ဆွေတွေလား.. သက်မဲ့ မိတ်ဆွေတွေလား… ။

[စကားချပ် – ၁ …။
ကျွန်တော်တို့ ပြောကြတယ်…။
သစ်တွေထဲမှာ ဘယ် အမျိုးအစားက အလှဆုံး..။
ဘယ်အမျိုးအစားက အခိုင်ဆုံး၊ အမာဆုံး..။
ဘယ်အမျိုးအစားဆိုရင်ဖြင့် ပေါလစ်ရှ်လေး သုတ်လိုက်ရင် ဘယ်လို…
ဘယ်အမျိုးအစားဆိုရင်ဖြင့် သဘာဝအတိုင်းထားရင် ဘယ်ပုံ…။
ဘယ်အရောင်ကို သုတ်လိုက်ရင် ဘယ်လိုပြောင်းသွားတယ်..
ဘယ်လမ်းအတိုင်း လွှထိုးလိုက်ရင်ဖြင့် ဘယ်ထုသားကို ရလာမယ်…။
ဘယ် ဒု၊ ဘယ် ဆိုဒ် ဟာကိုဖြင့် ဘယ်နေရာမှာ သုံးကြတယ်..။
အမိုးအကာအဖြစ်လား…။ အသုံးတော်ခံ ပရိဘောဂလား..။
ဘယ် ဒု ဘယ်ဆိုဒ်ဟာဖြင့် ပုံသေထားကြတယ်..။
ဘယ်အမျိုးအစားဟာဖြင့် တန်းဝင်ပြီး ဘယ်အမျိုးအစားဟာဖြင့် ဈေးမြောက်လွန်းတယ်…။
ဘယ်အမျိုးအစားဟာဖြင့် ပွယောင်းယောင်းဖြစ်ပြီး ဘယ်အမျိုးအစားဟာဖြင့် ကျစ်လစ်သန်မာတယ်.။
ဘယ်အမျိုးအစားဟာဖြင့် ကျွတ်ဆတ်တင်းလွန်းပြီး ဘယ်အမျိုးအစားဟာဖြင့် ကွေးညွှတ်ပျော့ပြောင်းတယ်…။
ဘယ် သစ်မျိုးဟာ ဘယ် ဒေသမှာပဲ ရပြီး ဘယ်သစ်တွေကိုတော့ဖြင့် မသုံးတာ ကောင်းလိမ့်မယ်..။
ဘယ်သစ်သားဟာဖြင့် အနှောက်အယှက်တွေကို ကင်းကွာစေပြီး ဘယ်သစ်ပင်ကိုဖြင့် ရိုးရာအရ ပူဇော်တယ်…။
ဘယ်သစ်ပင်ကို ခုတ်ရင် ဘယ်လို ခုတ်ရပြိး ဘယ်သစ်ပင်ကဖြင့် ဘယ်လို ဖြတ်ရမယ်..။

ပြန်မေးနေမိပါတယ်…။
သစ် သား… သစ် ပင်..!
ကျွန်တော်တို့နဲ့ ခွဲခွာလို့မရတဲ့ သက်ရှိမိတ်ဆွေတွေလား.. သက်မဲ့ မိတ်ဆွေတွေလား… ။]

[စကားချပ် – ၂ …။
ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ သစ်သားတွေကို သတိရတာကြောင့် အစီအစဉ်မကျတဲ့ အတွေးတွေကို ရေးမိပါတယ်..။ တစ်ချိန်ထဲမှာပဲ သစ်လောကအကြောင်း သင်ပေးခဲ့တဲ့ ဖခင်ကိုလည်း သတိရလိုက်ပါတယ်..။ သစ်သားတွေရဲ့ အသုံးဝင်ပုံ၊ သစ်တွေရဲ့ သဘောသဘာဝ၊ သစ်တွေရဲ့ အစွမ်းတွေအပြင် သစ်လောက က စီးပွားရေး သဘောတရားတွေကိုရောပေါ့…။ အင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့သာ မဟုတ်ပဲ… သာမာန်လူတစ်ယောက်အနေနဲ့ပါ တွေးမိပါတယ်..။ သစ် သား… သစ် ပင်..! ကျွန်တော်တို့နဲ့ ခွဲခွာလို့မရတဲ့ သက်ရှိမိတ်ဆွေတွေလား.. သက်မဲ့ မိတ်ဆွေတွေလား… ။]

[စကားချပ် – ၃ …။
engineering အရ အသုံးပြုလေ့ရှိတဲ့ material လေးတွေအပေါ်မှာလည်း ခံစားသက်ဝင်မိတဲ့အခါမှာ ဘ၀ဟာ နေပျော်နေမိပါတယ်..။ :D]

In: Others Posted By: Date: Sep 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment