Professional Authors

တမ်းတရင်းရှေ့ဆက်မယ်

မင်းအတွက် ငါက normal
ငါ့အတွက် မင်းက essential
လိုအပ်ရင်အသုံးပြုပါ
ငါ့ဘဝကို မင်းခြေရင်းမှာချထားတယ်
ခလုတ်မတိုက်မိစေရပါဘူး
ငါ သတိထားပြီးရှောင်ပေးပါ့မယ်
မင်းပျော်နေရင် ငါအဝေးကပဲမျှော်နေမယ်
မင်းငိုနေရင်တော့ ငါနှစ်သိမ့်ပေးပါရစေ
မင်းအတွက် ငါတံတားလုပ်မယ်
ဖြတ်သွားပါ
အချိန်တိုအတွင်း
မင်းလိုရာရောက်အောင်
မင်းအတွက် ငါလှေခါးတစ်ခုလုပ်မယ်
တက်သွားပါ
အချိန်တိုအတွင်း
မင်းလိုရာရောက်အောင်
ကြယ်စင်တွေ လမင်းတွေ
သက်တန့်တွေ ကဗျာတွေ
ငါဖန်ဆင်းနိုင်တာတွေ
အားလုံးမင်းတစ်ယောက်တည်းအတွက်ပါ
မင်းသိစရာမလိုဘူး
ငါ့ပေးဆပ်မှုတွေအတွက်
ငါ့အတွက် ဒီမှာရှေ့ဆက်ဖို့
အလွမ်းတွေရှိတယ်…………………………….

In: Others Posted By: Date: Jul 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment