Professional Authors

ဘာရယ်တော့မဟုတ်ပါဘူး

~~ ဘာရယ်တော့ မဟုတ်ပါဘူး …

တိုက်ဆိုင်မှုရှိရင်
သတိရမိရုံလေးပါ …

ပြီးသွားတဲ့ ဇာတ်လမ်းကိုမှ
အခုမှ စတုန်းလားလို့
ခဏခဏ ပြန်မေးမိတယ် …

~~ ဘာရယ်တော့ မဟုတ်ပါဘူး …

မျှော်လင့်ချက်တွေများ
ပြန်ရှင်သန်လာ မလားလို့ပါ …

အဆိပ်ပင်မှန်းသိရင် အစတည်းက
သုတ်သင်ရှင်းလင်းခဲ့ပါတယ် …

အခုတော့ အမြစ်တွေထွက်လို့
နွယ်တစ်ပင်လို ရစ်ခွေတက်တယ် …

~~ ဘာရယ်တော့ မဟုတ်ပါဘူး …

ပြန်လာမလားဆိုတဲ့ အတွေးလေးနဲ့
လှမ်းခေါ်ကြည့်မိ ရုံလေးပါ …

မငိုပါဘူး ဆိုနေမှ
အိပ်မက်ထဲထိတောင် မျက်ရည်ကျတယ် …

ချစ်တတ်ပြီ ဆိုမှတော့
ခံစားတတ် ရမှာပေါ့ …

တစ်ကယ်ပါ

~~ ဘာရယ်တော့ မဟုတ်ပါဘူး

သတိရတိုင်း အသက်ရှုရပ်မတက်

လွမ်းနေမိရုံလေးပါပဲ …..

>> Phyoe Layy <<

In: Others Posted By: Date: May 10, 2013
Comment #1

တစ်ကယ်ပါ

~~ ဘာရယ်တော့ မဟုတ်ပါဘူး

သတိရတိုင်း အသက်ရှုရပ်မတက်

လွမ်းနေမိရုံလေးပါပဲ …..

commentinfo By: maypyo22889 at May 11, 2013
Comment #2

so much touching
!-!

commentinfo By: ei lay at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment