Professional Authors

နင်နဲ့ဝေးခဲ့တဲ့နောက်ပိုင်း…..

လမ်းခွဲကြစို့လို့ နင်မပြောရုံတမယ်

ငါ့ကို နင့်အနားက ရက်ရက်စက်စက် နှင်နေတယ်….။

ငါ့ကို စိတ်ပျက်တယ် စိတ်ကုန်တယ်လို့ အကြိမ်ကြိမ်ပြောရင်း

တွေ့ဆုံချိန်တွေတိုင်း နင် ညည်းတွားနေခဲ့တယ်….။

နင့်ရှေ့ရောက်တိုင်း ရင်ခုန်သံတွေနဲ့ ထုံအအဖြစ်နေတတ်တဲ့ ငါ့ကို

ဟိုအရင်တွေ့စကလို သွက်သွက်လက်လက် မနေခဲ့လို့ နင် ငြိုငြင်ခဲ့ပြန်တယ်….။

ရှိတာလေးနဲ့ ရောင့်ရဲ ရသမျှတွေနဲ့ တိုင်းတာသုံးစွဲလေ့ရှိတဲ့ ငါ့ကို

Brand တွေနဲ့ မနီးစပ်နိုင်လွန်းလို့ နင် ဝေဖန်ခဲ့တယ်….။

နင် အလိုရှိတဲ့အခါတိုင်း တတ်နိုင်သလောက်ဖြည့်ဆည်း ဆန်းပြားသောစကားတွေ ပြောကြားခြင်းမရှိတဲ့ ငါ့ကို

နင့်ကို အမြဲတမ်း တမ်းတမနေတတ်ဘူးဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ နင်….စကားနာတွေ ထိုးခဲ့ပြန်တယ်….။

အားလပ်ချိန်တွေတိုင်း နင့်အနားမှာ နေလိုတဲ့ ဆန္ဒတွေနဲ့ ရှင်သန်နေတတ်တဲ့ ငါ့ကို

ဘ၀အတွက် အစီအစဉ်တွေမဲ့ ထက်ထက်မြက်မြက် မိန်းမတစ်ယောက်အဖြစ် မရပ်တည်ခဲ့လို့ နင် အမြဲအပြစ်ပြောခဲ့တယ်….။

နင်ချစ်လို့(2)နှစ်ကျော်လက်တွဲခဲ့တဲ့ ငါ့ကို

နင် မချစ်ချင်တော့တဲ့အခါ

အသိုင်းအ၀ိုင်းဆိုတာတွေနဲ့ ယှဉ်တွဲ…..ငါ့ရပ်တည်မှုတွေကို သိမ်ငယ်စေအောင် နင် အတွေးတွေ ထည့်ပေးခဲ့တယ်…..။

ငါနဲ့တွေ့တိုင်း စိတ်ဆိုး ဒေါသတွေထွက်လေ့ရှိတဲ့ နင့်ကို

ပျော်ရွှင်စေချင်တဲ့ စိတ်ရင်းအမှန် တစ်ခုနဲ့

ငါတို့ထပ်မတွေ့တော့ဖို့ဆုံးဖြတ်………နှုတ်ဆက်လို့လည်း ငါ အဆုံးသတ်ပေးခဲ့တယ်…..။

နင်မရှိတဲ့ ဘ၀မှာ ငါ ကောင်းမွန်စွာ နေထိုင်တတ်သလို

ငါ့ထက်အစပေါင်းများစွာကွာခြား နင်လိုလားနှစ်သက်တဲ့ ပုံစံမျိုးရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ ထာဝရပြေလည်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းလျှက်…….

ငါလို မိန်းမ နင်နဲ့ဝေးခဲ့တဲ့နောက်ပိုင်း…..ကံကောင်းခြင်းများစွာကို ထုဆစ်ယူနေမိတော့တယ်….။

In: Others Posted By: Date: Oct 18, 2012
Comment #1

ငါလို မိန်းမ နင်နဲ့ဝေးခဲ့တဲ့နောက်ပိုင်း…..ကံကောင်းခြင်းများစွာကို ထုဆစ်ယူနေမိတော့တယ်….။
တော်တော်ကောင်းပါတယ်။ အားပေးနေမယ်နော်။ ဆက်ရေးပါဦး။…

commentinfo By: khayset at Nov 3, 2012
Comment #2

နင် အလိုရှိတဲ့အခါတိုင်း တတ်နိုင်သလောက်ဖြည့်ဆည်း ဆန်းပြားသောစကားတွေ ပြောကြားခြင်းမရှိတဲ့ ငါ့ကို

နင့်ကို အမြဲတမ်း တမ်းတမနေတတ်ဘူးဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ နင်….စကားနာတွေ ထိုးခဲ့ပြန်တယ်….။………………………………good tal …

commentinfo By: thulattyar at Nov 4, 2012
Comment #3

လှလှပပ တင်စားခိုင်းနှိုင်း နိုင်ဖို့
ကြိုးစားပါ။

commentinfo By: mr.black at Nov 5, 2012
Comment #4

နင်မရှိတဲ့ ဘ၀မှာ ငါ ကောင်းမွန်စွာ နေထိုင်တတ်သလို

ငါ့ထက်အစပေါင်းများစွာကွာခြား နင်လိုလားနှစ်သက်တဲ့ ပုံစံမျိုးရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ ထာဝရပြေလည်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းလျှက်…….

commentinfo By: mayviolet at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment