Professional Authors

Let’s warm up our love.what do you think what I want to do when i miss you?

“ခရစ်ယာန်ဘာသာဝင်အမျိုးသားတွေက သူတို့ရဲ့ဖူးစာရှင်ကို
ဘယ်ဘက်နံရိုး တစ်ချောင်းလို့ တင်စားတတ်ကြတယ်။

ကိုယ်ခရစ်ယာန်ဘာသာဝင်တစ်ယောက်တော့မဟုတ်ပါဘူး။ ချစ်သူကတော့
ကိုယ့်ရဲ့တစ်ခုတည်းသောနှလုံးသားတစ်စုံပါ။ “

ပထမဦးဆုံးအကြိမ်တွေ့တွေ့ခြင်းမှာပဲ
လူတစ်ယောက်ရဲ့စိတ်ကို အပိုင်ရလိုက်ဖူးပါသလား ။
ဒါမှမဟုတ်
ပထမဦးဆုံးအကြိမ်တွေ့တွေ့ခြင်းမှာပဲ
ကိုယ့်ရဲ့စိတ်ကိုလွှမ်းမိုးသွားစေတဲ့လူမျိုးကို တွေ့ဖူးပါသလား။

ကိုယ့်အတွက်တော့ ပထမဆုံးအကြိမ်တွေ့တွေ့ခြင်းကစလို့
အခုချိန်ထိအောင် ကိုယ့်စိတ်ကိုလွှမ်းမိုးနိုင်ခဲ့သူ…
ဘယ်အခါမှမေ့လို့မရတဲ့
မျက်ဝန်းကအကြည့် နှုတ်ခမ်းကအပြုံးတွေက
ဘ၀မှာအသက်ရှင်နေထိုင်ရတာကို အဓိပါယ်ရှိပါတယ်လို့ ယုံကြည်စေခဲ့သူ…။
ညီမလေးတစ်ယောက်တည်းပဲရှိခဲ့ပါတယ်။

လောကကြီးနဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် နေထိုင်တတ်စေခဲ့တယ်။
အရာရာကို ရဲရဲဝံ၀ံရင်ဆိုင်နိုင်အောင် ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်အောင် ကိုယ့်စိတ်ကို တည်ငြိမ်စေခဲ့တယ်။
ကိုယ့်စိတ်တွေကို ထိန်းချုပ်နိုင်တဲ့တခုတည်းသောအရာဟာ ညီမလေးရဲ့အချစ်ပါပဲ။

ကိုယ်ဖြတ်သန်းဖူးတဲ့ဘ၀တလျှောက်မှာ သူငယ်ချင်းတွေအပေါ် မိသားစုတွေအပေါ်
တစိမ်းဆန်ခြင်းတွေ တကိုယ်ကောင်းဆန်ခြင်းတွေ ရှိမယ်။
ကိုယ့်ကိုချစ်တဲ့သူတွေအပေါ်မှာလည်း ကိုယ်ပျော်ရွှင်ဖို့ဘဲကြည့်ပြီး
သူတို့အတွက် ထည့်မစဉ်းစားတာတွေရှိမယ်။ ချစ်ခြင်းမေတာကိုလည်း
မဆန်းစစ်ကြည့်ခဲ့ဖူးဘူး။ မိသားစုထက်အလေးထားမိတဲ့အရာ ဘ၀မှာ
ဦးဆုံးခင်တွယ်မိတဲ့အရာက ညီမလေးပါပဲ။

ညီမလေးပြုံးလိုက်ရင်
ကိုယ်အရမ်းပျော်တယ်။ကိုယ့်ဘ၀ကြီးအေးချမ်းသွားတယ်။ အရင်ကလို
အတူတူသွားတူတူစားမနေရပေမဲ့  ဒီလိုဘ၀ကိုရောက်လာတာပဲ
ကိုယ်တို့ပျော်ရမယ်နော်။ တယောက်ရင်ထဲမှာတယောက်ရှိနေနိုင်ဖို့
ရေစက်ဆိုတာကို အရင်ဘ၀က ဘယ်လောက်တောင်စုဆောင်းခဲ့ရသလဲ။

ညီမလေးရဲ့ဘေးမှာ ကိုယ်အမြဲတမ်းရှိနေပါတယ်။
ဘာတွေပဲရှုံးနိမ့်ခဲ့ ရှုံးနိမ့်ခဲ့ အောင်မြင်ခဲ့အောင်မြင်ခဲ့ မျှဝေခံစားမဲ့ နှလုံးသားတခု
ညီမလေးရဲ့ဘေးမှာရှိနေပါတယ်။ ညီမလေးအတွက်ဘာတွေရည်မှန်းထားတယ်
ဘယ်လောက်ရည်မှန်းထားတယ်ဆိုတာ ညီမလေးကိုကိုယ်ပြောဖူးခဲ့ပြီ။
ဘယ်တော့မှကိုယ့်ကိုယ်ကို သာမန်လူလို့သဘောမထားပါနဲ့။
တသက်လုံးအတွက်မှာတာပါနော်။ ငါဘာလဲဆိုတာကိုတချိန်လုံးသတိရနေပါ။

ဘ၀ကိုတကယ်ဖြတ်သန်းတဲ့အခါ ထင်သလောက်မလွယ်ဘူး။
 အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အားကိုးရာမရှိဘူးလို့ ခံစားရတဲ့အခါ
ဟိုအရင်လိုပဲ ညီမလေးအနားမှာ ငြိမ်ငြိမ်လေးထိုင်နေချင်တယ်။ ညီမလေးရင်ခွင်ထဲမှာငိုချင်တယ်။
ကိုယ်အားတင်းထားပါတယ် ညီမလေးလိုအပ်ရင် ညီမလေးလက်ကိုဆွဲပြီး ဟိုးအဝေးကိုထွက်ပြေးကြဖို့။
ကိုယ်အသင့်ဖြစ်အောင်ကြိုးစားနေရတယ်။

ကိုယ်တကယ်လုပ်မိတာက ညီမလေးကို ရင်ထဲမှာထားပြီးကာကွယ်ပေးမိတာပဲဖြစ်မှာပါ။
စိတ်ဓါတ်ကျနေတဲ့အခါမှာ ညီမလေးနဲ့စကားပြောဖြစ်ရင်တောင် စိတ်ဓါတ်ကျစရာတွေကိုမပြောပဲ
အတူတူနေရအောင်ကြိုးစားပါလို့ပဲ ပြောမိခဲ့တယ်။ 
ညီမလေးဘေးမှာ ကိုယ်အမြဲတမ်းရှိနေပါတယ်။
ညီမလေးအတွက်ကိုယ်အမြဲတမ်းစဉ်းစားနေပါတယ်။
ကိုယ်ညီမလေးကိုအမြဲတမ်းချစ်နေပါတယ်။

ဆုတောင်းပြည့်မယ်ဆိုလို့ ဆုတောင်းမိတဲ့ဆုတောင်းတိုင်းကလည်း
ဘ၀ဆက်တိုင်းဆက်တိုင်း ညီမလေးနဲ့အပြန်အလှန်ချစ်ခင် ပေါင်းဖက်ရပါ၏
ဆိုတဲ့ဆုတောင်းပဲဆိုတာကို ညီမလေးယုံပါနော်။

                      ညီမလေးအေးချမ်းမှုတွေနဲ့အတူ
တနေ့တာကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။

In: Others Posted By: Date: May 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment