Professional Authors

ကျွန်မ နှင့် ကဗျာ

ကဗျာဆိုတာ ဘာလဲ ..
ခံစားမှုကြောင့် ထွက်ပေါ်လာတဲ့
ရင်ထဲက အသံလား …
ငယ်ငယ်ကတော့
အချစ် ကဗျာ မတောက်တခေါက်လေးတွေ
လျှောက်လျှောက်ရေးခဲ့တာပဲ …
တကယ်တော့
ဖြစ်ဖြစ်မြောက်မြောက်
တတ်ကျွမ်းခဲ့တာ မဟုတ်ပါဘူး …
ကဗျာတွေ ဖတ်ရတာ
သဘောကျတယ် …
အရေးအသား ပြောင်မြောက်လှပ လွန်းတဲ့
ကဗျာတွေ ဖတ်ရရင်
သူတို့ ရေးတတ်လိုက်တာလို့
အားကျမိတယ် …
ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင် ထိမိတဲ့
ကဗျာတိုင်းဟာ
ကိုယ်စား ကိုယ်ပွါးတစ်ခုအဖြစ်
ကိုယ်ဖတ်စေချင်၊ သိစေချင်တဲ့သူဆီ
ပြန်ပို့မိတယ် .. ဝေမျှမိတယ်
ကိုယ်တိုင် မရေးဖွဲ့နိုင်ပေမယ့်
ကဗျာဆရာနဲ့ ခံစားချက်
တိုင်ဆိုင်သွားတိုင်း
ရင်ထဲမှာ လှိုက်ကနဲနေအောင်
ခံစားမှုတွေ ပေးစွမ်းနိုင်တာ
ကဗျာတွေလို့
ကျွန်မ ထင်တယ် …
ကျွန်မ ကဗျာ ကောင်းကောင်းမရေးတတ်ပါဘူး ..
ဒါပေမယ့် ..ကဗျာကောင်းတွေကိုတော့
နှစ်နှစ်ခြိုက်ခြိုက်ဖတ်တတ်တယ် …
အရင်တုန်းကလည်း ဖတ်ခဲ့တယ် ..
အခုလည်း ဖတ်နေတယ် …
နောင်လည်း ဖတ်နေဦးမယ် …
သေချာတာက
ကျွန်မဟာ စာဖတ်သူ တစ်ယောက်
ပြန်လည်ဝေမျှပေးသူ တစ်ယောက်မျှသာ
ဖြစ်ပါလိမ့်မယ် ………….။

In: Others Posted By: Date: Jan 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment