Professional Authors

ရှာဖွေခြင်း

အဆိပ်တက် ညတွေထဲ
ပျောက်ဆုံးနေတဲ့
အချစ်ခြေရာကို ရှာဖွေမိတယ် …

နောက်
လရိပ်စွန်းအလွမ်းတွေထဲ
လက်ကျန်ရှိသေးတဲ့
ခါးသီးနာကျင်မှုတွေကို
ရှာဖွေမိတယ် …

အဲဒီ့နောက်
မြစ်တစ်စင်းရဲ့ ရင်ခုန်သံမှာလည်း
စီးဆင်းနေဆဲ ….
လှိုင်းခတ်သံတွေကို လည်း
အယောင်ယောင် အ၀ါးဝါး
ရှာဖွေမိတယ် ..

နောက်ထပ်
ကိုယ်ပိုင်ဒိုင်ယာရီမှာလည်း
ချစ်သူအကြောင်းမပါတဲ့
စာမျက်နှာတွေ
ရှာဖွေမိသေးတယ် ….

မတွေ့ဘူး
မတွေ့ခဲ့ဘူး
မတွေ့နိုင်တော့ဘူး …

In: ကဗျာ Posted By: Date: Nov 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment