Professional Authors

အလုပ်ရှာဖွေနေသူများအတွက် သတင်းကောင်း

အားလုံးပဲ မင်္ဂလာပါ…

www.Jobformyanmar.com မှ နွေးထွေးစွာကြိုဆိုပါတယ်။ www.jobformyanmar.com
ဆိုတာက အရွယ်ရောက်ပြီး မြန်မာတွေထဲက ပညာရေး ချို့တဲ့သူတွေ၊ တစ်ပိုင်းတစ်စ
ဖြစ်ခဲ့သူတွေ၊ ဘွဲ့ရပြီး အလုပ်အကိုင်တစ်ခုရှာဖွေနေသူတွေ ဂုဏ်သိက္ခာရှိတဲ့ ပြည်တွင်း/ပြည်ပ
အလုပ်အကိုင် တစ်ခုရရှိနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ကြတဲ့နေရာမှာ၊
ကိုယ်ပိုင်လုပ်ငန်းငယ်လေးများကို ထူထောင်ရာမှာ
လိုအပ်တဲ့ အလုပ်အကိုင် သတင်းအချက်အလက်တွေ၊ အတွေ့ အကြုံတွေနဲ့
ကျွမ်းကျင်မှုတွေကို ပိုမိုသိရှိနိုင်အောင်၊ ကျွမ်းကျင် လာအောင်နဲ့
ပြန့်ပွားရှင်သန်နိုင်အောင် ရည်ရွယ်ပြီးထူထောင်ခဲ့တာဖြစ်ပါတယ်။

အလုပ်ရှာဖွေလိုတဲ့လူငယ်တွေ မိမိတို့ပြင်ဆင်သင့်တာတွေကို သိရှိလာပြီး
အန္တရာယ်များကိုရှောင်ကွင်းနိုင်ပြီး မိမိပြင်ဆင်သင့်သည်များကို
သိရှိလာကြမှာဖြစ်ပါတယ်။ www.jobformyanmar.com မှာတင်ထားတဲ့
အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း မှန်/မမှန်စီစစ်ထားပြီးဖြစ်တဲ့အတွက်
ယုံကြည်စိတ်ချစွာဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ သေချာအောင်
ယုံကြည်စိတ်ချရတဲ့၊ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေ၊ အလုပ်ရှင်တွေကိုလည်း အသင်းဝင် အဖြစ်
ဂုဏ်ပြုထားပါတယ်။ အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားကြမှ
မြန်မာလူမျိုးတွေအတွက် ထိုက်တန်တဲ့ ဂုဏ်သိက္ခာ တစ်ခု
ပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

In: Others Posted By: Date: Oct 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment