Professional Authors

မြင်မိလေသော “သာလွန်မြင့်မြတ်ခြင်း…”၏ ပုံပြ စံနှုန်းများ..။

မြင်မိလေသော “သာလွန်မြင့်မြတ်ခြင်း…”၏ ပုံပြ  စံနှုန်းများ..။

“104.. ” ဖာရင်ဟိုက်နဲ့
ပုံမှန်တွေ  ပြောင်းပြန်လည်နေတဲ့ ဥတုတွေရဲ့
ဓမ္မ..” ပျက်နေဆဲ နေ့တစ်နေ့မှာ…….

လူ့ဘ၀ရဲ့ ဖြစ်ရပ်တွေ ပေါင်းစုံ
ဘ၀မျိုးစုံကို အနားသတ်ထားတဲ့
နယ်နိမိတ်
စည်းမျဉ်း” နားက “……………
မတရား
မှု့..” တွေကို အခြေခံ ပြီး
ပေရပ်နေတဲ့ ငါက…….
ဘာကို သွားမြင်သလဲ ဆိုတော့……………..

ဂုဏ်သိက္ခာအတွက် အယောင်ဆောင် အတ္တ တွေနဲ့
မိုးရေတွေ မနားတမ်း ထိုးသွင်းပေးတဲ့
“အင်ဂျပ်ရှင်း” ကိုင် လက်တွေ………………

“အလျင်လိုမှု့“တွေကို အဓိက စားသုံးပြီး
လ္ဘက်ရည်ဖိုးကို  လက်ဖြန့်ခံနေတဲ့
“တိုက်ပုံ ၀တ် ”  သူတောင်းစားတွေ………..

အမှန်တရားကို ကျောပေးပြီး
အလောင်းတွေထဲက
“အူ” တွေကို ဖောက်စားနေတဲ့
“အာဏာ” ပေါ်က  သေနတ်ပြောင်းတွေ……..

နားကျဉ်းစွာနဲ့  အံကိုကြိတ်ပြီး
“တစ်ထောင်တန်” တစ်ရွက် ဆုပ်ကိုင်လို့
ဈေး” တွေထဲမှာ  အပတ်တရာ”” ပြည့်အောင်ပတ်မှ
ဟင်းတစ်ခွက်..”” ရမယ့်   အမျိုးကောင်းသမီးတွေ………..


ကိုယ့်ကိုကိုယ်
“ကယ်တင်ရှင်” ကြီးပါလို့ ပြောပြီး
ပရိသတ်” ကြားမှာ အပြုံးတွေ ၀င့်ထယ်လို့
အိမ်က ကလေးတွေ ထ္မင်းငတ်နေတာကို  မသိတဲ့
အာဇာနည်
“ထောင်ထွက်တွေ“…………..

မဟားဒရား မိုက်ရိုင်းမှု့တွေနဲ့
လူတန်းစား မျိုးစုံအပေါ်
“ဓမြ” တိုက်နေတဲ့
“ရင်ဖုံး အင်္ကျီ”  အဖြူရောင် အောက်က
“နာသုံးနာ” နဲ့ “အတ္တ သည်” တွေ………………

အပိုအလို မရှိတဲ့ ပြဌန်း ချက်..” စကားတွေကို
ဟန်ပါပါ ပြောပြီး  လူ အထင်ကြီးခံ
“စင်” ပေါ်က  အဆင်းမှာ
ခွက်ပုန်းချနေတဲ့
“ပြည်တန်ဆာ” ချစ်တဲ့
အရက်သမား..”…တွေ……………

ဝိသမာ လောဘ” ကို  ခွထိုင်ပြီး
ဘ၀တွေကို
“မှတ်ကျောက်” တင်တတ်တဲ့
အပေါင်ဆိုင်နောက်က
အသပြာ..”  ဘီးလူး တွေ……….

လိုသလောက် “အသွေးအသား” တွေကို ရယူပြီးမှ
မျက်ရည်” နဲ့ အပျိုရည်..” တွေကို ခြေဆေးပြီး
“သတ္တ၀ါ” ဂေါင်းတတ်ထာတဲ့
လူကုံထံ
“အမည်ခံ” မှင်စာတွေ……………….

မဆုံးနိုင်တဲ့  လူ့ဘ၀ရဲ့ မြင်းကွင်းတွေကို
တုန်လှုပ် ခြောက်ခြားစွာ မြင်ပြီး ခဏ………
နောက်ဆုံး မြင်လိုက်ရတာက………….

လမ်းတကာ ပေါ်မှာ  လျှောက်…………
“ဘ၀ အသိုက်ပျောက်” နေတဲ့………
ဆံပင်တွေက”ဖွာလန်ကျဲ
ညစ်နွမ်း ရိပြဲတဲ့ ..
…..ကိုယ် ရုံ“နဲ့………..
လူတကာရဲ့ တုန့်ပြန် မှု့တွေကို   မနားတမ်း လက်ခံ
ရိုးသားနေတဲ့
ဗုဒ္ဓ ရဲ့  ပေးကမ်းစွန့်ကျဲ ခြင်း”  သီအိုရီ..   ကို အတည်ပြုရင်းနဲ့
ငေါက်ငမ်းသံတွေ ကြားမှာ  မိခင်…
ဂိလာန…” ကို ရှာဖွေကျွေး
အဲ့ဒီ့
“သူတောင်းစား” လေးရဲ့ “စိတ်ဓါတ်” က …
(လုပ်ရပ်….က)

မိုးရေ ကိုင် လက်” ထက်လဲ    သာခဲ့တယ်……….
တိုက်ပုံဝတ်
“သူတောင်းစား“ထက်လဲ   သာခဲ့တယ်………
“နာသုံးနာ” နဲ့ ဓမြ” တွေထက်လဲ     သာခဲ့တယ်………
…………………..          .. ………………    သာခဲ့တယ်………
…………………..          .. ………………    သာခဲ့တယ်………
…………………..          .. ………………    သာခဲ့တယ်………
…………………..          .. ………………     …. ခဲ့တယ်………
…………………..          .. ………………    ……….တယ်………။                                          ။

[email protected](8.2.11)1;00pm

In: ကဗျာ Posted By: Date: Feb 10, 2011
Comment #1

အားပေးသွားပါတယ်..ကဗျာလေးတွေကကောင်းပါတယ်။ ဒါပေမဲ့..ကဗျာနှစ်ပုဒ်ဖတ်တာ..နှစ်ပုဒ်လုံး စာလုံးတွေကအရမ်းသေးလို့တော်တော်ကြိုးစားပီးဖတ်ရပါတယ်….။
မျက်လုံးမကောင်းတဲ့ လူတွေကျတော့ဖတ်ရတာအဆင်မပြေဘူး။
ကဗျာကိုခံစားမိဘို့ထက်..စာလုံးတွေပေါင်းဖတ်ရတာကမလွယ်ဘူး.. ။

commentinfo By: ရွှေငါး at Feb 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment