Professional Authors

မဝေးတော့သော နေ့စွဲများ

ကြယ်တွေကြွေတဲ့ညနက်တွေမှာ

ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိပါပဲနဲ့

ဆုတောင်းမိတရ် …

ဘာရယ်မှန်းမသိပေမယ့်

ငါ့စိတ်တွေချည့်နဲ့နေသလိုပဲ …

အချိန်ဆိုတဲ့ရထားကြီးက

တရွေ့ရွေ့ဖြတ်သန်းရင်းနဲ့

ငါ့ဘ၀ရဲ့မိနစ်စက္ကန့်တွေကို တိုက်စားနေတာ

ပူထူနေလို့ ငါသတိမထားမိခဲ့ဘူး

အဲဒီအချိန်ဆိုတာကြီးကို

အရေးစိုက်မိတဲ့အခါငါ့ဘ၀ရဲ့

သက်တမ်းတစ်ဝက်ကျော်ကျော်တောင်

သူတိုက်စားလို့အငွေ့ပျံတက်သွားပြီ

အရာရာ ဟာ အရင်အတိုင်းပါပဲလို့

ဘယ်သူတွေဘယ်လိုပဲဆိုဆို

ငါ့ဘ၀ရဲ့နေ၀င်ချိန်တွေတစ်ရက်ထက်တစ်ရက်

နီးကပ်လာတယ်ဆိုတာ ငါကလွဲလို့ဘယ်သူမှ

သတိမထားမိခဲ့ဘူး

Ward ထဲမှာ တစ်ယောက်တည်း

ရောက်တတ်ရာရာတွေးရင်း

သူလိုငါလိုလူတွေကိုငါကြည့်မိတရ် …

ဘယ်ဘူတာမှာ ဘယ်သူအရင်ဆင်းရမယ်မှန်း

ဘယ်ဗေဒင်ဆရာမှကြိုမဟောထားပေမယ့်တော့

ဖြူဖျော့နေတဲ့ နှုတ်ခမ်းတစ်စုံကို

ခပ်ယဲ့ယဲ့ပြုံးရင်း

ပြိုဆင်းလာတဲ့ခံစားချက်တွေနဲ့

သီချင်းတစ်ပိုင်းတစ်စကို

တိုးတိုးလေးညည်းမိတရ် …

ရယ်သံတွေနဲ့ပြည့်နှက်နေတဲ့

ငါ့အတိတ်ဟာ အခုတော့

ငါနဲ့မသက်ဆိုင်သလို

နောက်လှည့်ကျောခိုင်းလို့နေတရ် …

အခုတော့လည်း

နွမ်းလျနေတဲ့ သက်ပြင်းမောတွေနဲ့အတူ

နောက်ဆုံးသံယောဇဉ်တွေက

မနက်ဖြန်ဆက်ရန်ခက်သည်ပဲလေ …

မနက်ဖြန်နဲ့နောက်ဘဝ

ဘယ်ဟာအရင်လာမလဲကြိုမသိတဲ့

ငါ့အတွက်တော့

နင့်ကိုမုန်းတရ်လို့ပြောပြီးထားရက်ခဲ့တာ

နင်ခံစားရမှာစိုးလို့တစ်ခုတည်းအတွက်ဆိုတာ

ဆင်ခြေကန်တယ်လို့ နင်ဆိုရင်တောင်

အသာတကြည်ငါခေါင်းညိမ့်မိမှာပါ …

တစ်ယောက်တည်းအထီးကျန်နေရင်းပဲ

နင်နဲ့အတူပျော်ခဲ့ဖူးတဲ့

အတိတ်ပုံရိပ်တွေ

စိတ်ကူးထဲထည့်ကြည်နူးရင်းလေ

အခုတော့ဘာမှမသက်ဆိုင်တော့တဲ့

သူတစ်ယောက်အဖြစ်ငါကျင့်သားရနေခဲ့ပြီ

အမှောင်ထဲဇွတ်တိုး

ငါတစ်ယောက်တည်းသွားရမယ့်လမ်းမှာ

ဘာကိုမှငါမမျှော်လင့်တော့ဘူး

နင်ငါ့ကိုမေ့နိုင်ဖို့တစ်ခုပဲ

ငါလိုအပ်တော့မယ် …….. ချစ်သူ

In: ကဗျာ Posted By: Date: Feb 10, 2011
Comment #1

connection ကျနေပါသဖြင့် ခေါင်းစဉ်ကွဲကာ နှစ်ပုဒ်ထပ်သွားပါသည် …..:(

commentinfo By: apollo at Feb 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment