Professional Authors

သက်ရှိတစ်ရှူးများ ပိုးဆက်ခြင်း (မိုးဝေး)

တကွဲတပြား နေ့တစ်နေ့အကြောင်း စဉ်းစားဖူးလား
လေလွင့်နေသော်လည်း အနံ့အသက်က ရပ်ကျန်ခဲ့တာ မြင်ဖူးလား
လူတစ်ယောက်အိပ်ရာက လန့်နိုးလာသလိုမျိုး
အဖြစ်အပျက် စက်ရုံထဲက ပင့်ကူအိမ်များဖွဲ့နေတဲ့ အိမ်မဲ့တစ်ယောက်ရဲ့
စိတ်ကူးထဲကအိမ်ဟာ အိမ်ထဲမှာနေရောင် ၀င်ရောက်နေသလို
ဆန္ဒမဲ့ရောက်ရခြင်း။ ‘မြစ်ဆွေးများထဲ လှော်ခတ်ခြင်းသီအိုရီ’
အဆိုပါကောက်နုတ်စုစည်းချက်များ၊ စာမျက်နှာ ၃၊ ၄၊
ဆူးမဲ့ဆူးပင် ဆူးရွက်၊ ဆူးခက်၊ ဆူးသရဖူ အယူအဆတစ်ခုခု
ယေဘုယျသတ်မှတ်ထားရသော ဘ၀အပေါ်မှ လမ်းများ
ပျော်ပွဲအား ရွှင်ပွဲနှင့် ခွဲခြားထားကြည့်လျှင် သင်မည်သို့ယူဆမည်လဲ
ငါ့ကိုယ်ပိုင်းလိုက်တာ အနိုင်နဲ့လား ဓားနဲ့လား။ သင်မြင်တွေ့ဖူးပါသလား
အယူအဆကို ယူဆထွက်ပြေးသွားသူတစ်ယောက်ရဲ့
အိမ်အပြန်ခရီး နေ့နဲ့ညကို ဖြတ်ရတယ်။ သဘောတရားဟာ လက်တွေ့က
ဆင်းသက်လာတာလားဆိုတာ လိုအပ်တဲ့ကွက်လပ်လား။ ထွက်ပြီးသား
အငူလား။ အရာရာအား ငူငိုင်တက်ကြွရင်ဆိုင်ပါလေ၊ မင်းကို ကိုယ်နဲ့ချိတ်ဆက်
ထားတဲ့နေရာလေး ပဲ့ထွက်သွားတဲ့အခါ မင်းဟာရီဂျက်/ဂျီဟက်။ ဟုတ်လား
ဟုတ်ခိုင်းနေလား ဘ၀ဆိုတာ တွဲဖက်သုံးစွဲရတဲ့အရာ၊ ကိုယ်ထင်ရာလေး သူမြင်
လမ်နဲ့ခရီးကို တွဲသုံးလို့ရပါပြီ။ ဆိုက်ကားပေါ်မှာ ဆင်အကြောင်း စိတ်ကူးယဉ်သူတစ်ဦးရဲ့
ဘ၀အခြေခံမူများထဲမှာ ကိုယ့်ဘ၀အား သူ့ဘ၀ဟု သဘောထားပါရန် မိုးတွေရွာခဲ့ဖူးတယ်။

မိုးဝေး
မတ်လ၊ ၂၀၀၉
ပိတောက်ပွင့်သစ်မဂ္ဂဇင်း။

Comment #1

ကျေးဇူး ကျေးဇူး ။

commentinfo By: ထူးဝေ at Feb 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment