Professional Authors

လူနာ (မိုးဝေး)

စာအုပ်ကိုဖွင့်လိုက်တယ်
စာမျက်နှာထဲ ဘာမှပါမလာဘူး။

ခွက်ထဲက လက်ဖက်ရည်
ပါးစပ်ထဲ စောင်းငဲ့ထည့်လိုက်တယ်
လက်ဖက်ရည်ထဲမှာ လက်ဖက်ရည်ပါမလာဘူုး။

သူငယ်ချင်းတစ်ယောက်
အပြင်သွားဖို့လာခေါ်ရာလိုက်ခဲ့တယ်
အရက်ဆိုင်တစ်ဆိုင် ဖြစ်ဖြစ်ပေါ့
ဘယ်လောက်သောက်သောက် မမူးဘူး။

တစ်ခါတလေ
အိပ်ရာပေါ် ပစ်လှဲချလိုက်တယ်
အိပ်ရာပေါ် ဘာမှကျမလာဘူး။

ငါဟာ
ဂီတမဲ့ တေးတစ်ပုဒ်ပါ
ငါ ဘာကိုကျူးရင့်နေတယ်ဆိုတာ
ဘုရားသခင်လည်း မသိနိုင်ဘူး။ ။

မိုးဝေး
နိုဝင်ဘာ၊၂၀၀၀။

Comment #1

ငါဟာ
ဂီတမဲ့ တေးတစ်ပုဒ်ပါ
ငါ ဘာကိုကျူးရင့်နေတယ်ဆိုတာ
ဘုရားသခင်လည်း မသိနိုင်ဘူး။ ။
ကောင်းမွန်လှပသော..ကဗျာများအတွက်..
ကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Feb 24, 2012
Comment #2

ငါဟာ
ဂီတမဲ့ တေးတစ်ပုဒ်ပါ
ငါ ဘာကိုကျူးရင့်နေတယ်ဆိုတာ
ဘုရားသခင်လည်း မသိနိုင်ဘူး။

commentinfo By: kantkawmg at Feb 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment