Professional Authors

မြေကြီးတစ်ခုရဲ့ကျမ်းစာ

ဘုရားသခင်က
လူသားကိုမဖန်ဆင်းခဲ့ဘူးဆိုရင်

လူသားက ဘုရားသခင်ကို ဖန်ဆင်းကြမှာပဲ
ကျွန်မဟာ
ဧကစာရီကျင့်နိုင်သူတစ်ယောက် မဟုတ်လို့
အဂ္ဂဘုံသားတွေလို စင်စင်ကြယ်ကြယ် မနေနိုင်ခဲ့ဘူး
……. “
သခင်” …….
ဒါ့ကြောင့် အချစ်ကကျွန်မကို မဖန်ဆင်းခင်
ကျွန်မကဦးအောင် အချစ်ကို
ဖန်ဆင်းခဲ့မိတယ်

ချစ်သူအတွက်
ကိုယ့်ခြေသလုံးကို အိမ်တိုင်ထူဖို့ကြိုးစားတိုင်း
ခလုတ်ကန်သင်း မကင်းတဲ့ဘ၀မှာ
ရူပကအလင်္ကာပြွှမ်းနေတဲ့ သမ္မာကျမ်းက
စိတ်နဲ့ရုပ်ကို ပဋိပက္ခဖြစ်စေခဲ့တယ်

စိတ်အကျဉ်းထောင်ထဲက
တုပ်နှောင်ခံ မာနနဲ့အတ္တတွေ ကြုံလှီညှိုးရော်ဖို့
ပတ်ဝန်းကျင်က မီးလောင်ရာလေပင့် ကူညီပေးတယ်
ဒါကြောင့်လို့ ထင်ပါရဲ့
တစ်ဘ၀လုံး အားထုတ်လိုက်မှ ထိုက်ထိုက်တန်တန်ဆိုလို့
ဂဏန်း တစ်ကောင်ပဲ ရလိုက်တယ်

In: ကဗျာ Posted By: Date: Feb 1, 2011
Comment #1

အားပေးသွားပါတယ်…….

commentinfo By: moehtetaung18 at Feb 2, 2011
Comment #2

“ဘုရားသခင်က
လူသားကိုမဖန်ဆင်းခဲ့ဘူးဆိုရင်

လူသားက ဘုရားသခင်ကို ဖန်ဆင်းကြမှာပဲ”….ဒီစကားလုံတွေက နဲနဲဆန်းတယ်…..

commentinfo By: ONE THREE at Apr 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment