Professional Authors

နွေတစ်ရာကျမ်းစာ

ရင်ခုန်သံ ထပ်ပိုင်းပြတ်တွေ အကြောင်း
အရောင် မသိလိုက်ရတဲ့ ဖြူစင်မှုတွေ အကြောင်း
နှုတ်ခမ်း တစ်စုံက ခပ်တိုးတိုး ဆွံ့ အသံများ အကြောင်း
ငါ မလိုက်နိုင်တော့တဲ့ နင့်အနာဂါတ် တွေအကြောင်း
နွေတစ်ရာစာ ကျမ်းမှာ တခုတ်တရ ပြုစု ပျိုးထောင် မိပါရဲ့ 
သွေးထွက်လွန်သူမှာလဲ ဒဏ်ရာပျောက်ချိန် မျှော်လင့်ကောင်းပါရဲ့ ၊၊     ၊၊

ရင်ခုန်သံ ထပ်ပိုင်းပြတ်တွေ အကြောင်း
ငါ ကြားနေရလဲ
မသိလိုက် မသိဖာသာ နားပိတ်ထားနေတုန်း
ရနံ့ သစ် ရှာဖွေခြင်းမှာ သေချင်စော် တွေနံတယ်
အိပ်မက်တွေ အလှဆင်ခဲ့သူ
ဒသ တေးသွားမှာ အလျားလိုက် ငိုနေရတော့လဲ
ညစ်ကျယ်ကျယ် ပန်းတစ်ပွင့်ရဲ့ ပွင့်အာ ခြင်း
ငါ ခိုး ချိုး လိုက် တယ် 
ဘီလူး တစ်ကောင်ရဲ့ ငိုငြီးခြင်း ဆိုတာဟာလည်း
ရာစုနှစ်တွေတိုင်းမှာ ရှိတယ် . . .

၂၀၁၀-၂၀၁၁ ပြက္ခဒိန် ရွက်များ
ကြက်ခြေခတ် တွေများတယ်
အိပ်မက်တွေ အသက်သွင်းသူ ငါ
အိပ်မက်တွေ ဖျက်ဆီး သူ ငါ
နောက် ဆုံး တော့ လဲ .  .  .
ရင်ခုန်သံတွေ ကြိုး ကြေ
ရင်ဘတ်နှစ်ခုချင်း သံသရာ စာ ဝေးသွားတယ်
ကြေမွ ကဗျာ စာရွက် တွေကြားက အက္ခရာ တွေက
ငါ့ မျက်ရည်တွေပေါ်ကို အလုအယက် ပြေးတက်လို့ 
မျက်နှာကျက်ပေါ်က ၀ိုးတ၀ါး နင့်ပုံရိပ်တွေကို
ငါ ခပ်ဖွဖွ တောင်းပန်
ငါ့ ရင်ဘတ်တွေ နှစ်ခြမ်း ကွဲသွားတယ်
ငါ့ ကို ခွင့် လွတ် ပါ
အဲဒီ ရင်ခုန်သံ ထပ်ပိုင်းပြတ်တွေ အကြောင်း
နင် မသိလိုက်တာပဲ ကောင်းတယ် ၊၊            ၊၊

အရောင်မသိလိုက်တဲ့ ဖြူစင်မှုတွေ အကြောင်း
ငါ ထပ်ပြီး မပြောပြချင်တော့ဘူး
ရင်ခုန်သံ အစစ် နဲ့ ချစ်သူဟာ
ရင်ခုန်သံ အစစ် နဲ့  ငိုတာ
ဒါ သဘာဝ ကျပါတယ်
အမှောင်ခန်းတစ်ခုက 
နင့် မျက်ရည်တွေနဲ့ ငါ shirt အကျီ င်္ လေးထဲမှာ
ငါ့ မျက်ရည်တွေ ပါဝင်သတ်သက်ခဲ့တဲ့ အကြောင်း
ဒါ ပုံပြင် တစ်ခု လို့  မှတ်ပေါ့
အဆုံးမဲ့ ပေးဆပ်သူ ကို
အဆုံးမဲ့ ပြန်မပေးဆပ်နိုင်ခဲ့တော့
မျက်ရည် ရဲ့ နိယာမ  . . .
သူတို့ တွေ အလျားလိုက် ကျပြနေတယ်
ကျေးဇူးပြုပြီး ရင်ကို ခွဲလို့ မကြည့်ပါနဲ့ 
လူ မသိနိုင်တဲ့ ဖြူစင်မှု အမှန်တရား တစ်ခုအကြောင်း
နင် နားမလည်နိုင်တာပဲ ကောင်းတယ် ၊၊             ၊၊

နှုတ်ခမ်းတစ်စုံက ခပ်တိုးတိုး ဆွံ့ အသံများ အကြောင်း
ငါ အခုမှ အမှန်တရား တွေ မလှစ်ဟ ချင်တော့ဘူး
ချစ်လို့ ရက်စက်လိုက်တာတွေ အတွက်
နင် ချစ်လို့ပဲ မုန်းပေးပါ
ရင်ခုန်သံ အရင်းနှီးဆုံး လူဟာ လဲ
ရက် စက် တတ် တဲ့ အကြောင်း

နင် မှတ်ပါ ၊ သိပါ ၊ စိတ်နာပါ
နင့် အိပ်မက်ရဲ့  ရာဇ၀င် အရတော့
ငါ ဆက်ပြီး လူမိုက် ဖြစ်နေဦးမှာပဲ
ငါတို့ မသွားဖြစ်လိုက်တဲ့ 
ချောင်းသာကမ်းခြေက မီးပုံပွဲ နေ့ တွေ အကြောင်း
ထပ်စောင်း လို့ မတွေးပါနဲ့ တော့
သေချာတာက . . .
နောက်ငါးနှစ်အကြာ အဲဒီ မီးပုံလေးဘေးမှာ ငါငိုနေမယ်

ရင်ခွင်ကို ဗုံလုပ်တီးခဲ့သူ မဟုတ်ပါဘူး
ရင်ခွင်ကို လမ်းပြပေးခဲ့သူ
ဒါတွေကို နင် ရင်ခုန်သံ အသစ် နဲ့ 
တောက်ပတဲ့ နေ့ များမှာ သိလိမ့်မယ်
ငါ နင့်ကို ဆိုပြခဲ့တဲ့ သီချင်းတွေ အကြောင်းလဲ
နင် ရင်ထဲက ဆွဲထုတ် ပစ်လိုက်ပါတော့
ငါဟာ နင့်အတွက် သီချင်း တစ်ပုဒ် ဆိုရင်
နင့်အတွက် ငါကို မုန်းဖို့  ပိုလုံလောက်သွားပြီ
ငါ့ ရဲ့ အချိန်မီ ဆွံ့ အ ထားခြင်းတွေဟာ
နင့် အတွက် အချိန်မီ မုန်းပစ်ဖို့ လောက်
အထောက်အကူ ပြုမိမယ် ဆိုရင်
ငါ့ အိပ်မက်တွေ ရိုက်ချိုး လိုက်ရတာ တန်တယ်
ဒါပါပဲ !!!
လူလိမ်တစ်ယောက်မှာလဲ
စစ်မှန်တဲ့ အမှန်တရားတွေ ဆွံ့ အ ထားခြင်းမျိုး ရှိတယ်

မိုးရေတွေဟာ နင့်အတွက် မျက်ရည်တွေ ဖြစ်တယ်
မိုးရေတွေဟာ ငါ့အတွက် မျက်ရည်တွေ ဖြစ်တယ်
မိုးရေတွေဟာ ငါ့တို့ နှစ်ယောက်အတွက် နောက်ဆုံး သင်္ကေတ တစ်ခု မဟုတ်လား
မိုးတွေကြားမှာ ပြတ်စဲသွားတဲ့ တစ်ခန်းရပ် ဇာတ် လေး တစ်ကွက်
ငါ့ မျက်လုံးတွေ မျက်ရည်ဖုံးပြီး ကြည့်မိ နေတုန်းပဲ
အဲဒီနေ့က ငါ့အိပ်မက်တွေ ရေစိုသွားတယ်
လိမ်နေရတာတွေ များတော့
အမှန်တရားတွေကို ဆွံ့ အ ထားတတ်လာပြီ
အဲဒီ နှုတ်ခမ်းတစ်စုံက ခပ်တိုးတိုး ဆွံ့ အ သံတွေ အကြောင်း
နင် မကြားလိုက်တာပဲ ကောင်းတယ် ၊၊            ၊၊

ငါမလိုက်နိုင်တော့တဲ့ နင့်အနာဂါတ်တွေ အကြောင်း
ငါ မျက်လုံးတွေ မှိတ်ပစ်လိုက်တယ်
နှလုံးသားက “လာပါ လာပါ ” လို့ ဆီးကြိုနေလဲ
နှုတ်ဖျားကတော့ နှင်လွှတ်လိုက်မိတယ်
နင့် အတွက်ပါ ငါ့ ကဗျာရယ်
တစ်ချိန်ကတော့ ငါ့ရင်ဘတ်ထဲ
အဖြူရောင် နှလုံးသားနဲ့ ကလေးမလေး တစ်ယောက် ရှိခဲ့တယ် . . .

မနေ့ ကလိုလို တစ်နေ့ က လိုလို နဲ့ 
ဘာလို့ များ ပုံရိပ်တွေ ဒီလောက် ရောင်ပြန်ဟပ်နိုင်ကြတာလဲ
မျက်ရည်တွေ အလီလီ ခြွေပြီး
သက်သေ တွေရယ်ပါလို့  မဖြေပြနိုင်ခဲ့ပေမဲ့
လိုက်ပါသွားရမဲ့ နင့် အနာဂါတ်ခရီး ထဲ
ငါ ခြေမချရဲဘူး
သွားလိုက်ပါတော့  
ငါဟာ ဘူတာရုံ ဖြစ်ပြီး
နင်ဟာ ရထား တစ်စင်း ဖြစ်တယ်
ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်ချိန် ဆိုတာဟာ
ငါတို့ ရဲ့ လွဲချော်မှတ် ပဲ မဟုတ်လား

ရွှေခြေချင်းနဲ့ ခတ်လိုက်တဲ့သော့
ငါ အရွေ့  ဆိုတာတွေကို မသက်ရောက်တော့ဘူး
ငါဟာ ငါဖြစ်ပြီး  . . . ငါဟာ ရပ်တန့် နေဦးမှာ
တစ်ချိန်ချိန်ကျရင် ငါဟာ နင့်ကို သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့
နာကျင်မှုတွေကို သေသေသပ်သပ်တူးဖော်
လူမသိတဲ့ချောင်မှာ ငါ ကဗျာလုပ်ဖြစ်ဦးမှာပဲ
ဒါတွေ နင် မသိတော့တာပဲ ကောင်းတယ် ၊၊              ၊၊

နွေတစ်ရာ ကျမ်းစာ
ဒါဟာ ငါ့ရဲ့ သေတမ်းစာ ပေါ့
အသည်းကွဲခံ ခြင်းနဲ့ ရင်းပြီး
အသည်းခွဲလိုက်တဲ့ အကြောင်းတွေပါတယ်
တမြေ့မြေ့ ကျွမ်းရင်းလောင် တဲ့
ငါ့ ရင်တွင်း ဝေဒနာ တွေ နဲ့ 
နင့် အသိတွေ ကို တိမ်ဖုံးပေးခဲ့တာ
နင် ခဏတော့ မှောင်မိုက်သွားမှာပေါ့  

ချစ်လို့ ကျီစာ တယ်လို့ ပဲ မှတ်မှတ်
အသည်းခွဲတမ်း ကစားခဲ့တယ်ပဲ ဆိုဆို
လက်ညိုးထိုးပြီးသာ စွပ်စွဲလိုက်တော့
သေချာတာ တစ်ခုက
ငါ့ဘ၀ က နင့်ဘ၀ ထက် မှောင်တယ်  ! ! !

ငါ့ကို ခွင့်လွတ်ပါ
( ဒါမှမဟုတ် )
ငါ့ကို လုံးဝ ခွင့်မလွတ်ပါနဲ့ 

နင့်အတွက်
နွေတစ်ရာ ကျမ်းစာ ရဲ့ 
နွေတစ်ရာ မှာတမ်း က           

နင် ငါ့ ကို ဆက် ဆက် မုန်း နေ ပါ ”

လမင်းဇော်
[email protected]   (or) [email protected]

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

အားပေးသွားပါတရ်
လူလိမ်တစ်ယောက်မှာလဲ
စစ်မှန်တဲ့ အမှန်တရားတွေ ဆွံ့ အ ထားခြင်းမျိုး ရှိတယ်

Comment #2

ချစ်လို့ ကျီစာ တယ်လို့ ပဲ မှတ်မှတ်
အသည်းခွဲတမ်း ကစားခဲ့တယ်ပဲ ဆိုဆို
လက်ညိုးထိုးပြီးသာ စွပ်စွဲလိုက်တော့
သေချာတာ တစ်ခုက
ငါ့ဘ၀ က နင့်ဘ၀ ထက် မှောင်တယ် ! ! !

commentinfo By: May Kha at Nov 10, 2011
Comment #3

လုံးဝ လန်းတယ်…

commentinfo By: ARker at Nov 10, 2011
Comment #4

အားပေးသွားကြတဲ့ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်

commentinfo By: လမင်းဇော် at Nov 10, 2011
Comment #5

🙁

commentinfo By: pannei at Nov 11, 2011
Comment #6

so great.
strong poem.
but,,,,
never regret what u did.
u’ll get what u give.
it’s universal truth.
ever lie,,never pass.

commentinfo By: ei lay at Nov 11, 2011
Comment #7

ငါဟာ ဘူတာရုံ ဖြစ်ပြီး
နင်ဟာ ရထား တစ်စင်း ဖြစ်တယ်
ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်ချိန် ဆိုတာဟာ
ငါတို့ ရဲ့ လွဲချော်မှတ် ပဲ မဟုတ်လား
အဲဒီစာသားလေးကိုပိုကြိုက်တယ်ဗျ။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 12, 2011
Comment #8

တစ်ပိုဒ်ချင်းချမပြတော့ဘူး…..
ကောင်းပါတယ်…..
အားပေးသွားပါတယ်….. 🙂

commentinfo By: terry at Dec 9, 2011
Comment #9

ဒီကဗျာဖတ်ပီး ၀မ်းနည်းသွားတယ်

commentinfo By: Nothing Special at Jan 13, 2012
Comment #10

ငါတို့မသွားဖြစ်လိုက်တဲ့ချောင်းသာကမ်းခြေကမီးပုံပွဲနေ့တွေအကြောင်း ထပ်စောင်းလို့မတွေးပါနဲ့တော့ သေချာတာက..နောက်ငါးနှစ်အကြာအဲ့ဒီမီးပုံလေးဘေးမှာငါငိုနေမယ်…

commentinfo By: khaing at Mar 9, 2012
Comment #11

တပုဒ်လုံး ရေးသွားပုံ အရမ်းကောင်းပါတယ်။ ဘာကိုမှ ရွေးထုတ်ပြလို့မရအောင် စာသားတိုင်းကို ကြိုက်ပါတယ်။ အားပေးနေပါတယ်ဗျာ။ လေးစားလျက်ပါ။

commentinfo By: chiron at Mar 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment