အကြွေစောသော မြေ
သစ်ရွက်ကြွေလို့မြေခတာလား….မြေခဖို့ကြွေကျသလား……
ဘ၀က တစုံတခုတော့ အဓိပ္ပါယ်ရှိမှာပါ……..
အသည်းကွဲမယ့်သူ…အသည်းခွဲမယ့်သူ…အသည်းကွဲတဲ့သွားတဲ့သူတဲ့……. ယူချင်မှယူပါ….ဖြူကာပြာကာကျနေလည်း…….တဖွဲဖွဲ…..၀ဲဆင်းနေတဲ့အိမ်မက်ထဲပဲငါမြောနေဦးမှာပါ
မာယာ…လား……ဒါ ကဗျာလား…..
ငါ ခွဲခြားဖို့အချိန်မရခဲ့ပါဘူးလေ…….နွေ……နင် ရောက်လာတာ စောလွန်းတယ်ဟာ….
တတ်သလောက်မှတ်သလောက်နဲ့တော့ လွမ်းတာပါပဲ……နင့်အတွက်တော့ ကဗျာမဆန်တဲ့ လမ်းခွဲတဲ့… တသဲသဲပါပဲဟာ……တဖွဲဖွဲနဲ့…..နင်ဆွဲရာဆေးစက်ထင်ခဲ့ရတဲ့ ငါဆိုတာ ဆောင်းသက်သက်ပါ
ဆေးစက်ကျရာ အရုပ်မထင်ပေမယ့် နင်မြင်သာပါစေဟာ……
ငါအရုပ်ထင်အောင်တော့ သွေးတစက်စက်ကျပေးခဲ့ပါတယ်
ဝါးမြိုခဲ့တဲ့ သက်တမ်းတလျှောက် ငါ ငါးပါးမှောက်ခဲ့တဲ့ ကြမ္မာနဲ့……… ဒဏ်ရာ……မဟုတ်ပါဘူး……..ငါ ခြေစုံကန်လို့ရူးခဲ့တဲ့…အကြောင်းက ဒဏ်ရာ…မဟုတ်ခဲ့ပါဘူး… ခဏလေးတော့ မော်ဖူးခွင့်ပေးပါ…..ငါကြွေစင်းမယ့်နင်ြေ့ခရင်းမှာ……
နင်မြင်သာအောင်…..ခပ်ကြမ်းကြမ်းလေးမွှေးဖို့အတွက်
ခဏလေးတော့ ငါရူး…….ခဏတာလေးတွေအတွက် …ငါ ခဏတာတွေကို ခဏခဏ ရူးပါတယ် တကယ်တမ်းတော့ နွေရယ်……နင်လေပြေထိုးတာတောင်ငါကခစားခွင့်မရှိသူပါ
ကောင်မလေးရေ…….တကယ်တော့ဟာ……အကြွေစောတဲ့နွေကြားမှာ…..ငါပါရောသွားသလားဟာ…… အခု…..များ..ငါ…..နင့်ခြေတကြောလှမ်းဖို့အတွက်…..
နင့်ခြေဖ၀ါးအောက် အကြွေစောခဲ့တဲ့….
ငါ
ဆိုတာ
မြေ……
Comment #3
ကျေးဇူးပါ မစိုးနဲ့ အစ်မ အသည်းကွဲမိုး
🙂
By: သားသား at Feb 1, 2011




Comment #1
အရမ်းကောင်းပါတယ် အားပေးသွားပါတယ် ဟဲဟဲ