Professional Authors

မီးစာ

ဘ၀ဆိုတာ
ငိုကြွေးရခြင်းလား အသာစံခွင့်လား
သေချာတာကတော့ ငါ့ဘ၀ကို
စုတ်ချက်ကြမ်းကြမ်း အရောင်တွေနဲ့
ခြယ်မှုန်းလို့ အထီးကျန်ဆန်ခက်ခဲမှုတွေ
ပြည့်နှက်ခွင့်ပြုထားတာပါ
ဒေါသကို ပိတ်လှောင်လို့
နှမ်းတစ်စေ့စာ ဂုဏ်သိက္ခာအတွက်
မာနတွေချိုးနှိမ်နေရတာရော
ဘ၀ပဲလား
ဒုက္ခနဲ့လူက ဖွားဖက်တော်လား
မတန်လိုက်တာ..
အများတန်းတူပျော်ရွှင်မှုတွေ
မှန်းဆ တမ်းတနေရလဲ
ဘာလို့များအခက်ခဲတွေနဲ့
ရှင်သန်မှုကိုပေးခဲ့တာလဲ
ဘ၀ တစ်ရက်တာရှင်သန်ဖို့
အင်အားနှမ်းတစ်စေ့နဲ့
ငြိမ်းခါနီးမျှော်လင့်ချက် တွေနဲ့
အေးငြိမ်းရာ ကို ရောက်ခွင့်ပေးပါ။——–။

In: ကဗျာ Posted By: Date: Aug 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment