Professional Authors

ငါ့အလွမ်းတွေ

လမင်းကပြူးကြည့်

ကဝေတွေကတဲ့ညမှာ

မေမေ့ကိုလွမ်းတယ်။

ခါးသက်သက်ည

အထိတွေ့ကအေးစက်နေလို့

မေမေရဲ့ရင်ခွင်ကို

တမ်းတတယ်။

စားနေကျကြက်ဟင်းခါးသီး

ခါးမှန်တော့သိပေမဲ့

ချိုလာမလားလို့

မေ့မေ့လက်ရာဟင်းတွေကို

တမ်းတတယ်။

လျောက်ရတဲ့လမ်း

နည်းနည်းတော့ကြမ်းမှာပေါ့

မေမေ့အားပေးစကားများကြားရမလားလို့

နောက်ကိုတော့လှမ်းကြည့်မိတယ်။

ထားခဲ့သူနဲ့

နေခဲ့ရသူ

ဘယ်သူသာမလဲ

ချိန်ခွင်ထိုးကြည့်စရာမလိုဘဲသိတယ်။

ဘာဆက်ရေးရမှန်းမသိတော့ဘူး

မေမေကိုလွမ်းတယ်။

In: ကဗျာ Posted By: Date: Jan 31, 2011
Comment #1

အားပေးသွားပါတယ်…

commentinfo By: genius.jinx28 at Feb 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment