Professional Authors

မှန်ကြည့်ပြီး မေးတဲ့မေးခွန်း

မှန်ကြည့်ပြီး မေးတဲ့မေးခွန်း

ဇာတ်နာချက်က
ဒီအသက် ဒီအရွယ် အထိ
ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိတာဘဲ

တခါတခါတော့လည်း
ငါဟာ ကဗျာဆရာ
( ငါ့ကဗျာတွေလောက် မသာယာတာက လွဲရင် )

တခါတခါလည်း
ငါဟာ အင်ဂျင်နီယာ
( ငါ့အိမ် ငါ မဆောက်နိုင်သေးတာက လွဲရင် )

ပုံမှန်ပါပဲ
အဲဒီလို နေသားမကျမှုတွေနဲ့
( သူလို ငါလို မိုးခါးရေ မသောက်ဖြစ်တာက လွဲရင် )
ဟုတ်တယ် …… ပုံမှန်ပါပဲ

နာရီထဲက ခွေးသွားစိတ်လေးလောက်တောင်
စည်းဝါး မကိုက်တဲ့ကောင်
သေသာသွားရော
ကိုယ့်ကိုကိုယ် ဘာကောင်မှန်း မသိလိုက်ဘူး။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 31, 2011
Comment #1

ကောင်းတယ်
ကျွန်တော်လဲ ဒီလိုဖြစ်နေတယ်ဗျာ

Comment #2

တူနေတယ်ဗျို့ … ကိုယ့်ကိုယ်ကိုတောင်ဘာမှန်းမသိရသေးဘူး …. ဟူးးးးးးးးးးးးး

commentinfo By: chityellusoelay at Aug 20, 2011
Comment #3

r,,,,,,,,,,
de de gko hti tar.

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment