Professional Authors

မင့်ကျေးဇူး

အိမ်အမိုးနဲ့…..
ကြမ်းပြင်တောင်မကြည်လင်အောင်
ထိန်ရှာတဲ့မီးဖျဖျအောက်မှာ
သံစဉ်မချိုတဲ့ freezer အတု
မှီကာအခုထိုင်နေတဲ့ငါ
ဘယ်ညာရံတာက
မှင်မလိုက်တဲ့ဘော့လိပ်တို….
ပြင်းတင်းဟဟက
အလင်းမရတဲ့လရိပ်ကိုတောင်
အဖော်ပြုစေ…..အတင်းမိန့်လို့
ဟိုက်စကူးသူကြိုက်မိတဲ့
မိုက်ရူးသူနင့်ကိုကိုလေ
မော် (Modern ) မသိ ၊အော် (Alter )မသိ
အ ၃လုံးအစမသိပေမဲ့…….
တစ်ညကိုသိန်းသန်းမက
လွမ်းချင်းတွေဖွဲ့တတ်ခဲ့ပြီ
မေ့ကျေးဇူးပေါ့………။

In: ကဗျာ Posted By: Date: Jan 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment