Professional Authors

အစဉ်သဖြင့် (စိုင်းဝင်းမြင့်)

ချစ်ခင်နေတုန်းမှာပဲ ခွဲခွာခဲ့တာ ဘဝဆိုတာ
နှင်းဆီလို့ နာမည်ပေးရင် (မင်းလည်း) မွှေးမှာပဲ
သွေးလန့်မှု အရွေ့ အရွှေ့ထဲ
ပုံကြမ်းကောက်ကြောင်း စိတ်ကူးတလည်လည်
မြို့လည်ထဲ အက်ကြောင်းထ/ထပ်လို့
တစ်နေ့နေ့ တနဲ့နဲ့
လွန်လေပြီးသော နှင်းပွင့်များ
သက်တန့်ရောင်စုံနဲ့ဆွဲတာ
တရေးရေး တရိပ်ရိပ်
ဘယ်သူစွဲ/ဆွဲတာလဲ အခုကြယ်။ ။
 စိုင်းဝင်းမြင့်။ (ဘယ်သူပြောပြော ကိုယ်ပြောတယ် – စာအုပ်မှ)
ကျော်မွှေး – ဇူလိုင်၊ ၂၀၁၂

Credit:: လမ်းအိုလေး 

Comment #1

ဘဝဆိုတာ ချစ်ခင်နေတုန်းမှာပဲ ခွဲခွာခဲ့တာ
(မင်းလည်း) မွှေးမှာပဲ နှင်းဆီလို့ နာမည်ပေးရင်
သွေးအရွေ့ အရွှေ့ထဲ လန့်မှု
စိတ်ကူးပုံကြမ်း ကောက်ကြောင်းတလည်လည်
မြို့အက်ကြောင်းထဲ ထ/ထပ်လို့လည်
တနဲ့နဲ့ တစ်နေ့နေ့
နှင်းပွင့်များ လွန်လေပြီးသော
့ရောင်စုံနဲ့ဆွဲတာ သက်တန့်
တရိပ်ရိပ် တရေးရေး
အခု ကြယ်စွဲ/ဆွဲတာ ဘယ်သူလဲ ……………………..။

commentinfo By: someone at Apr 13, 2013
Comment #2

တကယ်ကောင်းတယ်

commentinfo By: Moe Myint Oo at Sep 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment