Professional Authors

ကြယ်တွေ ကြွေမှ

ကြယ်တွေ ကြွေခဲ့တယ်

အမျိုးသားနေ့ အလုပ်သမားနေ့

အာဇာနည်နေ့တွေက ကြယ်တွေရဲ့တန်ဖိုး

သမိုင်းထိုး အသိအမှတ်ပြုခဲ့ရတယ်

 

ကြယ်တွေ ကြွေခဲ့တယ်

ရှစ်လေးလုံး ရွှေဝါရောင်

အရေးအခင်းတွေမှာလည်း ကြယ်တွေစတေး

သူတို့ တန်ဖိုး သွေးစက်တွေနဲ့

ပေးဆပ်ခဲ့ရပြန်တယ်

 

အခုလည်း……

ကြယ်တွေ ကြွေနေပြန်ပြီ

သူတို့အစွမ်းနဲ့ သလ္လာဝတီကောင်းဖို့

သူတို့ ကြွေဆင်းလို့ စတေး

ပစ်ခွင်းရဲသူတွေကို မယုံ ရဲတဲ့

ငါတို့တွေမှာ……….

ကြယ်တွေတန်ဖိုး

ကြယ်တွေ ကြွေမှ မသိချင်တော့ပါ

In: ကဗျာ Posted By: Date: Dec 2, 2012
Comment #1

ငါတို့တွေမှာ……….

ကြယ်တွေတန်ဖိုး

ကြယ်တွေ ကြွေမှ မသိချင်တော့ပါ

commentinfo By: မေပျို at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment