Professional Authors

အရွယ်မရောက်သေးသူများ မဖတ်ရ

ဒီရုပ်တုဟာ ဒီကဗျာရဲ့ခေါင်းစဉ်ပဲ
အာဒံနဲ့ဧ၀ပဲ ဖြစ်ဖြစ်
အဖိုးနဲ့အဖွားပဲ ဖြစ်ဖြစ်
အဖေနဲ့အမေပဲ ဖြစ်ဖြစ်
ကိုယ်နဲ့မင်းပဲ ဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာကြောင့်
အသွေးအသားကြောင့်
အဓိပ္ပာယ်ဖွင့်ရခက်တဲ့ တစ်စုံတစ်ရာကြောင့်
သူတော်စင်တွေတားမြစ်တဲ့
မစားကောင်းတဲ့သစ်သီးဆိုလည်း
နယ်လွန်ရပ်မှာ
တစ်သိမ့်သိမ့်စီးမျောဖို့
တစ်ချိန်တစ်ခါမှာတော့
ဒီတွင်းနက်ထဲ
ဒီမီးလျှံထဲ
ချစ်သူတို့
လက်ချင်းချိတ် ခုန်ချဖို့အသင့်ရယ်။
နောင်တရနေစရာမလို
ရှုံ့ချနေစရာမလို
ဒါက မြင့်မြတ်ခြင်းမဟုတ်သလို
ယုတ်ညံ့ခြင်းလည်း မဟုတ်ဘူး
ဒါက ပျော်ရွှင်ခြင်းတွေကိုချည်း
ဆောင်ကျဉ်းလာမှာမဟုတ်သလို
ဝမ်းနည်းခြင်းတွေကိုချည်း
သယ်ဆောင်လာမှာမဟုတ်ဘူး
အိုး…..ဒါက အငန်ဓာတ်ကဲနေတဲ့
ပင်လယ်ရေကွဲ.
သောက်လေသောက်လေ ငတ်မပြေတယ်။

In: ကဗျာ Posted By: Date: Jan 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment