Professional Authors

နှုတ်ဆက်ခြင်းအတု


12:26am
အဝေဆုံးကို နှင်လွတ်စရာ မလိုပါဘူး
အရိပ်တွေအစား ဒဏ်ရာတွေတော့ ကျန်နေမှာပါ
လွမ်းခွဲသူနဲ့ ကျန်ခဲ့သူကြားထဲမှာ
ရှိနေတဲ့ အမှုန်အမွားတွေဆိုတာ
ပူလောင်မှု ရယ်မောခြင်းမဟုတ်သလို
အေးစက်တဲ့ ငိုကြွေးခြင်းမဖြစ်နိုင်ဘူး
တိုင်ကြားမိတဲ့ အပြစ်တင်မှုကို ရုတ်သိမ်းခဲ့သည့်တိုင်အောင်
သစ္စာ တရားဆိုတာ ဆောက်ပြီးရင် ပြန်ဖျက်လို့ ရနိုင်တဲ့
” ငြမ်း ” တဲ့လား
ကန့်လန့် ကာနောက်က အစုံအဆန်အဖြစ်အပျက်တွေက
မင်းရဲ့ မျက်နှာ မှော်ရုံတောအတွက်
ရုံးရင်းဆန်ခတ်စွာ ကြည့်ကောင်းနေအုံးမှာပါ
ငါဟာ နယ်မြေသစ်ရှာဖွေမှုသမိုင်းထက်
ငါ စိုက်ပစ်ထားခဲ့တဲ့ အလံအဖြူရောင်လေးကိုပဲ
ဆက်လက်အသက်သွင်းချင်မိတာပါ
ကုတ်ခြစ်ခံရတဲ့ ဒဏ်ရာတွေဟာ
ရက်ရှည်များစွာရဲ့ အက်ကြောင်းတိုတွေအတွက်
ကင်ပွန်းတပ်ပေးမှုအသစ်မဖြစ်နိုင်တော့ဘူး
လက်ညှိုးထိုးပြီး ပူဆာလို့ မရနိုင်ပေမယ့်
ဆိုးရွားစွာ ကပ်ညှိနေခြင်းတွေကိုတော့
စရိုက်သစ်ကျင့်သုံးခြင်း အနေနဲ့
ဆက်လက်ကျင့်သုံးနေအုံးမှာပါ
အောက်ကျခြင်းတွေ င့ါ ကမ္ဘာ မှာ
ဖြစ်ထွန်းနေအုံးမှာပါ
ခံနိုင်ရည်တွေလည်း ထုံကျင်နေပြီးလေ
လက်မပြနိုင်တဲ့ နှုတ်ဆက်ခြင်းတွေမှာ
ငါ့ဒူးအစုံ မင်းရဲ့မှိုတက်နေတဲ့
ရိုးသားမှုတွေရဲ့ ရိုက်နှက်ခြင်းကို
ခံခဲ့ရပါပြီ

ap 

In: ကဗျာ Posted By: Date: May 12, 2013
Comment #1

*_*

commentinfo By: မေပျို at May 12, 2013
Comment #2

နှလူုံ့းသားနှင့်ခံစားသွားပါသည်

commentinfo By: ei lay at May 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment