ထိပ်ထားသို့။
အိပ်မက်တွေနဲ့လား
သီကုံးထားတဲ့ အညတရလမ်းပေါ်မှာ
ရာသီစက်ဝန်းတစ်ပတ်လည်တိုင်
ရင်ခုန်ခဲ့ရ……….
ဟုတ်ပါရဲ့
အနမ်းတွေထုံမွှန်း
ဝါးလုံးစွန်းပေါ်ကပန်းတစ်ပွင့်
ဘယ်နုတ်ခမ်းကနမ်းချင့်အုံးမှာလဲ။
ခက်ချေပြီ
အမြတ်တွေမပြီနိင်သ၍လည်း
အရုန်းမဲ့
အမှုန်းနွံထဲနစ်နေရဦးမယ်။
မျောလွင့်နေ
တိမ်တိုက်တွေနဲ့အတူ
မတည်ငြိမ်ဝိုးတ၀ါး အစွန်းရောက်စိတ်တွေကလည်း
ထိတ်ထားသခင်မရှိရာ ဦးတည်။
သိနေပါသည်
သူမ၏ လျောက်လမ်း
ကျနုပ်နလုံးသား နှတ်ခမ်းပါးဝအရောက်
နောက်ကောက်ပြန်လှည့်သွားချေမည်ဆိုတာ။
ခံစားချက်မဲ့..
ပန်းတွေမပွင့်လန်းတဲ့
ပတ်ကြားအတ် ရင်ခုန်သံကျိုတို့ကြဲတဲကို
ဘယ်ကချေသည်က ခံစားပျော်မွှေ့နိုင်မှာလဲ။
သြော်…
ချစ်ပါသည်ဆိုတဲ့စကား
ငါ့နှုတ်ဖျားမှထွက်သ၍တော့
တန်ဖိုးအနဂ္ဂကျနေအုံးမည်တဲ့။
ခတ်ချေသည်..
နားလည်နေသည်ကို
ရှင်းပြရမည်ကား
ပသို့ဆိုလည်း အထီးကျန်လိပ်ပြာရင်ကွဲသေရပါအဲ့။
…………………………………………………………………
ထိတ်ထားရေ
ရင်ခုန်သံသေဆုံး
ဘ၀ဆုံးတဲ့အထိ
အသင်သာလျင်
အုပ်စိုးသူဖြစ်ပါစေ။
သည်ရင်ခွင်နန်း သည်စခန်းမှာ
ငါဘုရင် မလုပ် ယာလုပ် မွေ့ပျော်။
ချစ်သောသူသာအုပ်စိုးစေ။
Comment #2
ကောင်းတယ်ဗျာ စာသားလေးတွေ အားပေးသွားတယ်
By: genius.jinx28 at Jan 28, 2011




Comment #1
အားပေးသွားပါတယ်…ကောင်းတယ်