Professional Authors

ခင်မင်ခွင့်

သံယောဇဉ်လို့ 
ထင်နေခဲ့ တာက
အချစ်ရယ်လို့ 
အမြစ်တွယ်ချိန်မှာ
မပယ်ဖျက်နိုင်တဲ့ 
များစွာသောအမှားတွေ
မှားခဲ့ ပြီးလေပြီ…။

နောင်တ တရားကြောင့်
ထပ်မမှားဖို့ ကြိုးစားနေရင်းက

စာနာမှုနဲ့ ပေးလာတဲ့ 
မင်းရဲ့ အကြင်နာတွေအပေါ်
သာယာနေမိတယ်…

သနားမှုကြောင့်ရလာတဲ့ 
ကရုဏာကိုမှ
မက်မောနေမိပြန်တယ်…

မဖြစ်နိုင်မှန်းသိနေတဲ့ 
မင်းရဲ့ အချစ်တွေကို
မျှော်လင့် ချင်မိပေမဲ့ 
နင့်အတွက်ငါ
ဝန်ပို မဖြစ်စေချင်လို့ 
တွယ်တာစရာ
သူငယ်ချင်းအဆင့်မှာ
ခင်မင်ခွင့်အပြင်
မတောင်းဆို ချင်လို့ 
ကျောင်းတုန်းကလို ပဲ
နေပါတော့ မယ်….
သူငယ်ချင်းရယ်…။

In: ကဗျာ Posted By: Date: Oct 4, 2010
Comment #1

poor u,

commentinfo By: ei lay at Mar 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment