Professional Authors

ကြိုးဝိုင်း

အလဲလဲ အကွဲကွဲ

သွေးသံတရဲရဲ နဲ့ 

လောကဓံကိုစိန်ခေါ်ပွဲ…….။


    

ပုဝါမကူ ရေမရှူစတမ်း

သွေးသံတွေ ခမ်းချင်ခမ်းစေ

မမှုတမ်းရင်ဆိုင်

ငါကြံ့ခိုင်မယ်လို့  ယုံကြည်တယ်….။


    

ကံကြမ္မာမုန်တိုင်း

လှိုင်းကြမ်းကြမ်းထက်

ငါသွေးမပျက်ဘူး…..၊

ဘေးမထွက်ဘူး……၊

ချွေးစက်နဲ့ သက်သေထား

ငါဟဲ့….ယောက်ျား ။                  ။

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

ကောင်တယ်ဆရာ…
သူခိုးလဲ ဖမ်းဦး….

commentinfo By: kyagee13 at Jan 26, 2011
Comment #2

အားပေးသွားတယ် ကောင်းတယ်… နောက်တော့ နောက်ချင်တယ် မနောက်တော့ဘူး 😛

Comment #3

သြော်

commentinfo By: Drip at Jan 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment