Professional Authors

စိတ်ကူးနဲ့လက်တွေ့

ကံမကောင်းတဲ့ ငါ
ကံဆိုးတဲ့ငါ
စာမတော်တဲ့ငါ
အလုပ်မရှိတဲ့ငါ
မိဘက မချီးမွန်း
ဆရာတွေ လက်မှိုင်ချ
သူငယ်ချင်းတွေ တောင်
ပယ်ထားတဲ့ငါကို
မင်း…………………..။
ဝမ်းနည်းတတ်တဲ့ငါ
အပြင်မှာ တော့ အသည်းကို
ကွန်ကရစ်လောင်း
မပြည့်စုံတဲ့ငါ
အပြင် မှတော့ကြွစောင်းကြွစောင်း။
စိတ်မဆိုးပါနဲ့ချစ်သူ…………
ငါအကျင့်ပါချစ်သူ
ချစ်တာကိုမဖော်ပြ
ရင်မဖွင့်ပြနိုင်တာကို……….။
ငါ့ဘဝ
ငါ့အခြေအနေ
မလှပမှန်းနင်သိရဲ့နဲ့
ဘာကြောင့်များလေ
မင်း………………………..။
ချစ်ရလို့
အသည်းတွေ တုန်လည်း
ငါ့ရဲ့ ဟန်
ငါ့ ရဲ့ ပုံစံကြောင့်
နူးညံတဲ့အသည်းတစုံ
မင်းမမြင်တာပါ……..
မင်းမသိအောင်
မင်းနောက်ကနေ
ငါလေ တကောက်ကောက်နဲ့
လိုက်ခဲ့တယ်
မင်းကို ရိတိတိလုပ်တဲ့ကောင်တွေ
ငါ…………
ငါကို ခွင့်လွတ်ပါ
နင့် ဘဝ
နင့် အလှ ငါ့ကြောင့်ပျက်မှာ ဆိုးတဲ့အတွက်
ငါ့ ရင်ထဲ ကစကား
စိတ်ထဲ က မပါတဲ့စကား
ငါ့အသည်းကို ငါ မီးသဂြိလ်မယ့် စကား
ငါ မပြောချင်လည်း ငါပြောမယ်
ငါလေနင့်ကို …………………..။

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

hin……….
tan lan g.
kaung bu

commentinfo By: ei lay at Dec 13, 2011
Comment #2

good bro!

commentinfo By: sanday talk at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment