Professional Authors

အနုပညာရဲ့ မဟာ \

အနုပညာရဲ့ မဟာ \”\”\”သီအိုရီ\”\”\”\”…။

ငါတွေးပါရစေဦး………
မနေ့မနက်ထဲက ခုချိန်ထိတိုင်အောင်
ဝမ်းထဲကို \”ပေါ့စိမ့်\” တစ်ခွက် ထဲ့ထားတာကလွဲလို့
ဘယ် အစာမှ ထောက်ပံ့မှု့ မပေးခဲ့ဘူး
ဒါတောင် \”ပေါ့စိမ့်\” က \”အကြွေး \” ရလို့……..

ငါကြည့်ပါရစေဦး…….
ဒီကောင့် နဘေးပတ်လည်မှာ ဘာတွေလဲ…???
\”ပေါက်ပြဲ စုတ်ပြတ်နေတဲ့ \” ထရံ \”ပေါက်တွေ\”……
အိုမင်းနေတဲ့ \”ခေါင်မိုး\” က
အလင်းဝင် တံခါးပေါက် (၇၀၀၀) ကျော်
နောက်……အင်္ဂါ ဂြိုလ် က
တွင်းနက်ကြီးတွေနဲ့ အတိပြီးတဲ့ အိမ်ကြမ်းခင်း………..

ငါမြင်ပါရစေဦး……..
ဒီကောင်နေတဲ့ စောင်စုတ်ကို အကာလုပ်ထားတဲ့
အခန်း အခြေ မှန်ကွဲစတွေ ကနေ
ဒီကောင့် မျက်နှာကိုတွေ့တယ်…..
မြင်တယ် မျက်နှာတစ်ခု
\”ကြောင်စီစီ \”မျက်လုံးတွေ
မဲပုတ်ပုတ် နှုတ်ခမ်း ပိုင်ရှင် မျက်နှာတစ်ခု
ပြီးတော့…….
အရိုးပေါ် အရေတင်နေတဲ့ ခန္တာပေါ်က
\”\”နံရိုး အမြောင်းလိုက်\”\”\”
ကျွတ်……… ကျွတ်…… ငါ အမြင်မှားတာဘဲ!!!!!!!!!!!!!!!!
ဒါဟာ…….
အသိုက်ပျောက်\”\”\”\” ငတ်ပြတ်နေတဲ့ ကြွက်စုတ်\”\”\”\”တစ်ကောင်ဘဲ

နေပါဦး….
နေပါဦး…..
ဘီးပေါက် နေတဲ့ အိုင်ကျု တွေနဲ့
ဘ၀တဖက်စောင်း နေတဲ့ ဒီကောင်လေ
အသက်က နှုတ်ခမ်းမွှေးပေါ် လမ်းလျှောက်နေတာတောင်
ပုဆိုးပေါင်…..ဖိနပ်သရေ ခွာပြီး
\”အွန်းလိုင်း\”မှာ ကဗျာတင်နေတုန်း
(လက်ခုတ်သံလဲ မကြားခဲ့ ရပါဘူး..!!!!!)
ဖိနပ်မပါ ခြေဗလာကြီးနဲ့\” မြို့ပါတ်\” ရထား
ခိုးစီးပြီး ပုဆိုးအနားသားတွေ ပြဲကွဲ
\”\”လည်ဂတုံး အမဲရောင်\”\”အင်္ကျီကို ၀တ်လို့
အနားဖွာ နေတဲ့ \”ကျောပိုးအိတ်\” စုတ်ကြီးကို လွယ်လို့
ကုပ်ချောင်း ကုပ်ချောင်းနဲ့
(၃၃)လမ်းထိပ်မှာ ယောင်လည်လည် ခြေလှမ်းတွေ ဖြန့်ခင်း
လမ်းကို ဥဒဟို ပြေးကာ
တစ်ဖက်တစ်ချက်က စာမူတိုက်တွေရှေ့မှာ
စာရွက်ကိုင် (မောင်းအထုတ်ခံ…) \”\”\”သူတောင်းစား\”\”\” လုပ်တုန်း…..
\”\”အပါယမုခ\”\”\” တရားတချို့နဲ့\”\”\” ကဗျာဗန္ဓသာရကျမ်း\”\”\” ကနေ
\”\”\”\”ရတုကဗျာချီ ချနည်းမျိုး ၂၅ ပါး\”\”\”\” ကို မလွှတ်တမ်း ဖက်တွယ်လို့
\”\”သောက်…ရှက်မရှိတော့တဲ့\”\”…..
မျက်နှာ\”\”\”\” ဘတ်သီးကျွမ်း\”\”\”\” ကြီးနဲ့
အိမ်ရှင်ကို အတော်ကြာ \”\”ဆိုင်းငံ့ \”\” ထားတဲ့ \”\”အိမ်လခ \”\”\”ကို
\”\”\”မနက်ဖြန်\”\”\”\” ပေးမယ် ပြောနေတုန်း……….

ငါတွေ့ပါ တယ်……
လမ်းတွေပေါ်မှာတိတ်\” ခွေး\” တွေတောင် အိပ်နေတဲ့ အချိန်
\”\”\”မာသားဘုတ်\”\”\” တစ်ခုရှေ့မှာ \”\”\”ဧဟိပသ၁ိကော\”\”\” လုပ်ပြီး
\”ဘလော့\” တွေကြားမှာ ကွေ့ပါတ်ပြီး \”\”\”မာရသွန် \”\”\”ပြေးတယ်လေ…
ပြီးတော့….. ဒီကောင်….
\”\”\”အုန်းမောင်းသံ\”\”\” နဲ့ \”\”\”လင်းကြက်တွန်သံ \”\”\”\”
အချက်ကျကျ\”\”remix\”\”\” လုပ်မှ ဒယီးဒယိုင်နဲ့
တံခါး မရှိတဲ့ အိမ်မှာ
\”\”မျက်လုံး\”\” နှစ်လုံးရဲ့ \” ဆန္ဒ \”\” ကို အတည်ပြုတယ်…..

ကဲ…….နောက်နေ့နိုးတော့ (၂)နာရီ.
ကောင်းရော……..
ဘယ်အချိန် ထ္မင်းစား အလုပ်သွားမလဲ..
ဟောဗျာ…..
ခုလဲကြည့်လေ….
ထ္မင်း (၄) နှပ်မြောက်\”\” ငတ် \”\”\”နေတာတောင်
နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး
\”\”\”အနုပညာ ရဲ့ မဟာသီအိုရီ \”\”\”
*(ဘာမှန်းမသိ..) ကို ရေးတယ်လေ..။ ။
(အံမယ်.!!!!….ရေတစ်ခွက်ကိုတောင် ကိုင်းပြုတ်နေတဲ့ ခွက်စုတ်နဲ့ ခပ် သောက်လိုက်သေး…။ )

၂၄.၁.၁၁
(၁၆း၀၀pm)

ဖွင့်ဆိုခြင်း……။

၁။ (အပါယမုခ..)=စည်းစိမ်ဥစ္စာ ဆုတ်ယုတ် ပျက်ပြား အပါယ်လားကြောင်း တရား(၆)ပါး။
၂။(ကဗျာဗန္ဓသာရကျမ်း..)=ကဗျာ…..ရတု ရေးစပ်သီးကုံးနည်း ကျမ်း..။
၃။(ဧဟိပသ၁ိကော..) =ခန္တာမှ သိမှု့….ထိမှု့ အတွေ့ အားလုံး ရှု့မှတ်ခြင်း…။
၎။*(ဘာမှန်းမသိ..)=အများသတ်မှတ်ခံ သဘော..။

                        [email protected]

In: ကဗျာ Posted By: Date: Jan 25, 2011
Comment #1

ကိုယ့်ကိုကိုယ်အဲ့လောက်တောင်ပြောရလားဗျာ
🙂

commentinfo By: သြရသ at Jan 25, 2011
Comment #2

ကိုယ့်ကိုကိုယ်ပြောထားတာထင်တယ် ကိုဇာတိရ

commentinfo By: သြရသ at Jan 25, 2011
Comment #3

ကျွန်တော်တော့ အဲ့လိုပဲနားလည်တယ်
ဟုတ်လားတော့မသိဘူးကို ကကြီးရေ

commentinfo By: သြရသ at Jan 25, 2011
Comment #4

ကကြီးရဲ့ မသိတရားကို
ကကြီးရဲ့ အသိတရားရ ပြန်ဆော်တာလေ….
ကိုယ်ကို ကိုယ် ဘဲ အနီးစပ်ဆုံး ဝေဖန်ခံရခြင်း…ပေါ့

commentinfo By: kyagee13 at Jan 25, 2011
Comment #5

တကယ်ပဲအဲ့လို ဖြစ်နေသလားဗျ့ 🙂

commentinfo By: သြရသ at Jan 25, 2011
Comment #6

အမှန်ပေါ့ ညီလေးရယ်
စာပေကို မှ ချစ်မိတာ ကို
ကျွန် တော်ချစ်မိ အပြစ်ရှိပါသည်..။

commentinfo By: kyagee13 at Jan 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment